ဓမ္မ တေး (၈)
အနန္တဂုဏ်အင်
ရေး- စောင်းဦးဘသန်း၊ ဆို- မာမာအေး၊
နားဆင် နှလုံးသွင်းရန်
(ဗုဒ္ဓေါဘဂဝါ) ၂၊ ဗုဒ္ဓံ မြတ်စွာဘုရားကို (ရှိခိုးပါ၏ ဘုရား၊) ၂။
(ဓမ္မောဒေသနာ) ၂၊ ဓမ္မံ တရားတော်မြတ်ကို (ရှိခိုးပါ၏ ဘုရား၊) ၂။
(သံဃောထေရ်သံဃာ) ၂၊ သံဃာတော် အရှင်မြတ်တို့အား (ရှိခိုးပါ၏ ဘုရား၊) ၂။
(မြင်းမိုရ်တောင်မက အနန္တဂုဏ်အင်) ၂၊ မိခင်ဖခင်တို့အား (ရှိခိုးပါ၏ ဘုရား၊) ၂။
သင်ဆရာ မြင်ဆရာ ကြားဆရာများ ပညာများကိုလ ညွှန်ပြကာ ကရုဏာ တရား ထားတဲ့စေတနာဝေဖြာ ဆရာသခင် ကျေးဇူးရှင်တို့အား (ရှိခိုးပါ၏ ဘုရား၊) ၂။ ။
Posted by ဉာဏ်ဦး
No comments:
Post a Comment