ဓမ္မ တေး (၁၁)
မေတ္တာ
ရေး- ဂီတာတင်အုန်း၊ ဆို- မြသက်မူ၊
နားဆင် နှလုံးသွင်းရန်
(မေတ္တာသတ္ထော အနန္တောလို့ မြတ်ရှင်စော ဟောကြားတာတွေ၊ ကမ္ဘာမြေလောကဗွေ၊ သတ္တဝါတွေ ကျန်းမာပါစေ၊ မေတ္တာရေလောင်း ဆုတောင်းကောင်းမှုခြွေ) ၂။
အောင်ကြပါစေ၊ အောင်ကြပါစေ၊ ကာယ စိတ္တ သုခ၊ ပုပုရွရွ မှန်သမျှတွေ၊ ကြံတိုင်းအောင် ပြီးမြောက် ကြစေ။
(သဗ္ဗေသတ္တာ ဝေနေယျာတွေ၊ ကျန်းမာစေကြောင်း ဆုခြွေတောင်းလို့ အောင်ကြောင်းမေတ္တာဝေ) ၂။
ဘယာဘေးရန်အပေါင်းတွေ ကွာဝေးအမှန် ရှောင်သွေကြပါစေ။
(ဒေသနာ တရားတွေ၊ ပွားများကာ အစဉ်သာ မသွေ၊ ဆွေသဟာ အများတွေ၊ တရားနဲ့သာ မေတ္တာဝေ၊)၂။
ရတနာ ရွှေငွေ၊ ပေါပြည့်နိုင်ကြစေ၊ ဇောတိက ပုံနှုန်းမသွေ၊ ပေါကြွယ်ဝစေ၊ မေတ္တာသတ္ထော အနန္တော ပဏာခြွေ။
Posted by Nyan U
No comments:
Post a Comment