Saturday, May 17, 2014
ဓမ္မ တေး (၁၄)
အောင်စည်ဗြောသံ
ရေး- စိန်ဗိုလ်တင့်၊ ဆို- စိုးစန္ဒာထွန်း၊
နားဆင် နှလုံးသွင်းရန်
သီရိမဟာ စည်ဗြောသံသာ ဗုဒ္ဓသာကီ ဘုန်းရောင်ကွန့်ချီး စာဂီဟိတ်ကြွ တေဇဂုဏ် ဘုန်းတေမြတ်အခါပလေး၊.....
ဗြော ဗြောစည်သံသာ၊ မနောကြည်သာယာ၊ ပြည်ရွာရောင်ရှိန်တေး စီခြယ်ကာ၊ သပြေဒီပါ ညီညာဖြန့်ကာ
အောင်စည် ဗြောသံ ဗြောသံ ဗြောသံဆူဆူညံ၊ ထံတျာ သံဝါတေး ဟန်ပါပါ သံသာတေး အုန်းအုန်းခြိမ့်ခြိမ့်
ဗွေအာကာ၊ သုံးဆယ့်တစ်ဘုံလုံး ပျံ့နှံ့လို့နေတာ။
ကောင်းမြတ်ချမ်းသာ ကိုယ်စိတ်နှစ်ဖြာ လန်းရွှင်ကြည်လို့သာ၊ မင်္ဂလာဆိုင်းဆိုင်း မင်္ဂလာဆိုင်း ဗိုလ်တင့်လက်သံ
နားဆင်ရ ကြားချင်လှ နားဆင်ရ ဒါမှနှစ်ခြိုက်တာ၊ မိုးကုန်ပျောက် ဆောင်းကိုရောက် ဆောင်းကုန်၍ နွေဦးအစမှာ ရှင်မရဲ့သားသားလေးကို ဝါဝါအဆင်း သာသနာအတွင်း သွတ်သွင်းကြစို့ကွာ။
ထူးထူးဆန်းဆန်း ရွှင်လန်းလို့သာ ပုဗ္ဗ မုဉ္စ ပရစေတနာသုံးတန် သဒ္ဓါထက်သန် လှူဒါန်းကြတာ၊ ကောင်းခြင်း
ကောင်းခြင်း မြတ်ဩဘာ၊ ထောပနာရိုကျိုး လက်စုံမိုးကာ။ စေတနာ....။ ။
Posted by Nyan U
No comments:
Post a Comment