ဓမ္မ တေး (၁၅)
အမေ့ကြေးစည်သံ
ရေး- ဇေယျာနိုင်၊ နိုင်သူ၊ ဆို- ဇေယျာနိုင်၊
နားဆင် နှလုံးသွင်းရန်
ညစဉ် ညတိုင်း ကြားနေရတဲ့ အိမ်ဦးခန်းက အမေ့ကြေးစည်သံ၊ သတ္တဝါတွေအပေါ် ကောင်းကျိုးချမ်းသာ မျှဝေ ခုနစ်ရက်သားသမီးတွေဘေးရန်ကင်းကွာ ကောင်းကျိုးချမ်းသာရရန် အမြဲတမ်းဆုတောင်းပေးတဲ့ အိမ်ဦးခန်းက အမေ့ကြေးစည်သံ။xx
ဒူဝေဒူဝေအမေ့ကြေးစည်လေးအသံ၊ သာဓုသာဓုရယ်လို့အမျှပေးဝေတဲ့အသံ၊ လူနတ်ဗြဟ္မာ ကောင်းကျိုးချမ်းသာ ရရန် အမြဲတမ်းဆုတောင်းပေးတဲ့ အိမ်ဦးခန်းက အမေ့ကြေးစည်သံ၊ သမုဒ္ဒရာ ဝမ်းတထွာရေး အတွက် ကွယ် အမြဲတမ်းလှုပ်ရှားရုန်းကန် လောဘ ဒေါသတွေနဲ့ မကင်းတဲ့ လူ့လောကဓံ ပူလောင်နေတာ အမှန်၊ ညအချိန်ခါလေးရောက်မှအေးချမ်းမှုပေးစွမ်းတာက အိမ်ဦးခန်းက အမေ့ကြေးစည်သံ။xx
Posted by ဉာဏ်ဦး
No comments:
Post a Comment