မန္တလေးမြို့တော်ဘွဲ့
ရေး- ပြင်စည်မင်းသား၊
တီး- စောင်းဦးမြင့်မောင်၊
ဆို- ရီရီသန့်၊
https://www.youtube.com/watch?v=hK6tfCztuTI
Published on May 8, 2014
မင်္ဂလာသီရိ
မင်္ဂလာသီရိ မြေမြတ်စွာ၊ ရွှေဉာဏ်တော်ထူး၊ ပိုင်မှူးအောင်ဇေယျာ။ လေးရောင်ငယ် လျှံဖြာလေ၊ညီးလို့လင်း။ ခုနစ်
ခွေရစ်၊ တောင်မြစ် သတ္တရဘန်ငယ်မှာ၊ အာလိန်ငါးတန်၊ ဝေယန်နှုန်း မယွင်းသည်သို့ လေး။ မြသီလာ စံခင်း၊ မြေ
မင်းငယ်ဘူမိန်၊ သပြေမြန်ခန်း၊ သိုက်မန်းရွှေဂီရိန်။ ထောင်ရဝိန်ငယ်လေ၊ နေနှုန်းနန်း။ ရတနာဘုမ္မိ၊ ပြည်ကြီးထွဋ် မှန်ကူငယ်မှာ၊ ရာထီးဆူဆူ၊ ရိပ်ဖြူ ပိုင်သိမ်း မြန်းပါလို့လေး။ စက်ပုံနန်း ငယ်နှင့်၊ လေးခန်းငယ်ဇမ္ဗူ ၊ ခွန်ယူ စိုးတော့မည်။ ရာကျော်လျှမ်းပါလို့၊ ဘုန်းပန်းဇေယျာ၊ တေဇာတိုးတော့သည်။ ။
Posted by ဉာဏ်ဦး
No comments:
Post a Comment