Wednesday, February 25, 2015
ဘုန်းမိုးသွန်းလောင်း
ဘုန်းတော်ဘွဲ့သီချင်းခံ
ရေး- ငယ်တိုးအတွင်းဝန်
တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊
https://www.youtube.com/watch?v=IW2EegVx_vQ
Published on Jun 21, 2014
ဘုန်းမိုးသွန်းလောင်း
ဘုန်းမိုးသွန်းလောင်း၊ ရွာစွေလေ၊ ဖန်ဝေလေ၊ ချမ်းမြထွေထွေ။ အောင်ချာမြေ၊ ဒီပါကြေညာ၊ တိုင်းမြို့ပြ ပြည်ရွာ။ သိမ်းသိမ်း မြန်းမြန်း၊ ရံကာစံကာ၊ ထူးထွေလာ၊ အာဏာခေါင်ချာ၊ မိုးလို့စေသာ။ ဝင်းရွှန်းလျှံဝါ၊ ညီးညီးလင်းလင်း၊
နေခြည်ရောင်ဖြိုး၊ ဘုန်းတန်ခိုး ပွင့်လင်း၊ ဘယ်ပြည် ဘယ်မင်း၊ ပြိုင်သူ ဆိုင်သူ၊ ရန်မူဝေးကြ ရတယ် ရတယ်
ရတယ် နှင့်သာ။ ထူးဆန်းလှ ထွေထွေပင်သာ၊ ရွှေဘုန်းအာဏာ၊ ခေါင်ချာပိုင်သိမ်းမြန်း၊ ဣန္ဒာဒေဝါ ဆိုရာတည့်
ပုံနှုန်းနန်း၊ ဝေယန်ဘုံခန်း၊ ရွှန်းရွှန်းလျှံပြောင်၊ ဆောင် ဆောင် ဆောင် ထီးနန်း၊ စံစိုးမြန်း၊ မွှေးကြူသင်းပျံ့၊ ဘုန်းတန်း တေဇာ၊ အာဏာခေါင်ချာ၊ ဖြာဖြာမိုးလို့၊ ရတယ် ရတယ် ရတယ်နှင့်သာ ရှင်။x ထိပ်စထိပ်ခေါင်တင် ငယ်ကိုလေး၊ ယဉ်မျိုးချုပ်ယူ၊ ပိုင်သိမ်း စိုးအုပ်တော်မူ။ ။
Posted by ဉာဏ်ဦး
No comments:
Post a Comment