Showing posts with label သမ္ဗုဒ္ဓေ. Show all posts
Showing posts with label သမ္ဗုဒ္ဓေ. Show all posts

Tuesday, January 14, 2014

ဓမ္မ တေး (၉)


သမ္ဗုဒ္ဓေ
ရေး- ဂီတာတင်အုန်း၊ ဆို- ရီရီသန့်၊
နားဆင် နှလုံးသွင်းရန်

သမၺဳေဒၶ အ႒ဝီသၪၥ၊ ဒြါဒသၪၥ သဟဿေက။
ပၪၥသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
(အနန္တာ နိဗ္ဗူ  ဇိနေ ဂင်္ဂါဝါဠု သဲစုမကပေ၊ ကမ္ဘာတွေ သင်္ချာ သင်္ချေ ၊ နိဗ္ဗူ မြေစံနေတဲ့ ဘုရားမြတ်ပရမေ ရှင်တော် တွေ၊ မျှော်ကာရည်စူး ဖူးတဲ့ သမ္ဗုဒ္ဓေ၊) ၂။
(မြို့တိုင်းရွတ်ကြပါလေ၊ ရွာတိုင်းရွတ်ကြ ဂါထာ သမ္ဗုဒ္ဓေ၊  အိမ်တိုင်းရွတ်ကြပါလေ၊ လူတိုင်းရွတ်ကြ ဂါထာ သမ္ဗုဒ္ဓေ၊) ၂။
ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ နိဗ္ဗူ  ဇိနေ၊ ဦးထိပ်ရွက်ပန်ကာခြွေ၊ ဂါထာတော်ကျူးဖူးတဲ့ သမ္ဗုဒ္ဓေ။
(မြန်နယ်ပြေ မယွင်းမချွတ်စေ၊ ရွတ်ဖတ်ကြ သမ္ဗုဒ္ဓေ၊ အန္တရာယ်တွေ ကင်းလွတ်မလေ၊ ရွတ်ဖတ်ကြ သမ္ဗုဒ္ဓေ၊) ၂။
စည်းစိမ်ရွှေငွေ ရတနာမိုး ဂါထာတန်ခိုးနဲ့ သွန်းဖြိုးလို့ဝေ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းနိုင်ကြမလေ၊ မြန်တိုင်းဌာနေ ... အေးချမ်းလို့ သာယာဖို့အခြေ... ဂါထာတော်ထူး ကျူးနိုင်ကြစေ... သမ္ဗုဒ္ဓေ... သမ္ဗုဒ္ဓေ… ဘေးရန်အပေါင်း မကောင်းတို့... ဝေးကွာရှောင်းမဲ့ ကောင်းတဲ့ သမ္ဗုဒ္ဓေ။
(မိုးသောက်ကျလာ ထကာရွတ်ကြပေ သမ္ဗုဒ္ဓေ၊ ခရီးယာယီ ခါမီရွတ် ကြပေ သမ္ဗုဒ္ဓေ၊ အိပ်ရာဝင်တိုင်း မဆိုင်း ရွတ်ကြပေ သမ္ဗုဒ္ဓေ၊) ၂။  

(မြတ်ဘုရားဂုဏ်နဲ့ မြတ်တရားဂုဏ်တွေ၊ သံဃာဂုဏ်တော် ရည်မျှော်စူး ... ကြည်နူးထူး ဖူးတဲ့ သမ္ဗုဒ္ဓေ၊) ၂။
မြို့တိုင်းနယ်တိုင်း လူတွေ၊ ရွာတိုင်းအိမ်တိုင်း လူတွေ၊ ရွာတိုင်းနယ်တိုင်း လူတွေ၊ မြို့တိုင်းအိမ်တိုင်း လူတွေ၊ အန္တရာယ်တွေ အမှန်ပယ်စေ၊ ဘေး ရန်ရှင်း ကင်းဝေးမှာ ဂါထာ သမ္ဗုဒ္ဓေ။
(မြန်နယ်ပြေ မယွင်းမချွတ်စေ၊ ရွတ်ဖတ်ကြ သမ္ဗုဒ္ဓေ၊ အန္တရာယ်တွေ ကင်းလွတ်မလေ၊ ရွတ်ဖတ်ကြ သမ္ဗုဒ္ဓေ၊) ၂။
စည်းစိမ်ရွှေငွေ ရတနာမိုး ... … … ကောင်းတဲ့ သမ္ဗုဒ္ဓေ။   ။
 

Posted by ဉာဏ်ဦး