Showing posts with label တေမိယဇာတ်. Show all posts
Showing posts with label တေမိယဇာတ်. Show all posts
Tuesday, March 17, 2015
ဓမ္မ တေး (၂၃)
တေမိယဇာတ်
ရေး- အေဝမ်းဆရာညှာ၊
ဆို- ဝင်းဦး၊
နားဆင် နှလုံးသွင်းရန်
တေမိယဇာတ်
လူနတ်ဗြဟ္မာ သတ္တဝါဝေနေယျတို့ ကဲဖြတ်လိုသော ဆန္ဒ ရှိတာ အမှန်ပါ.....၊ ထီးစည်းစိမ် နန်းစည်းစိမ် မခံစားလို သဗ္ဗညုတရွှေ ဉာဏ်တော်ကို အလိုရှိ၍ တေမိယဆုပန်ရှာ။ တေမိမင်းရာဇာ ထီးမွေနန်းမွေ အလိုမရှိပါ၊ အပါယ်ငရဲ ကြောက်လို့သာ၊ ထီးဖြူစောင့်တဲ့ နတ်မယ်သူဇာ အတန်တန်တားကာ စကား မပြောဖို့ရာ၊ အို-- ဆွံ့အ ချင်ယောင် ဆောင်လို့သာနေပါ၊ ဒေသနာ ဖွေရှာလို့သာ၊ အလောင်းတော်မှာ၊ အကြောင်းမျှော်ကာ၊ အကြောင်း
မျှော်ကာ၊ အလောင်းတော်မှာ၊ ဆွံ့အ ချင်ယောင်ဆောင်ကာ နားထိုင်း၍ သာ ငြိမ်ငြိမ်နေပါ၊ ဒေသနာဖွေရှာလို့သာ၊
အလောင်းတော်မှာ၊ အကြောင်း မျှော်ကာ၊ အကြောင်း မျှော်ကာ၊ အလောင်းတော်မှာ၊ စိတ်အကြံမှာ ဒိဋ္ဌာန်ကာ နွမ်းလျကာ စွမ်းမပြပါ၊ တေမိမင်းရာဇာ။ ဖခမည်းစိတ်မှ သည်အာဏာ၊ ပုဏ္ဏားမှူးမှ တိုင်တည်ကာ၊ သားတော်ကို ငိုရီဖို့ရာ၊ အလိုလိုခန့်ကြတာ၊ သနားစရာ အကာလသားတို့ဟာ နှစ်သိမ့်ကာ လသားအရွယ်ကသာ၊ ကညာပျိုဖြူ နန်းတွင်းသူတွေ ဘယ်လိုချော့လို့ စိတ်ကမပါ၊ (၁၇)နှစ်အရွယ်မှာ ပယ်ရှားခဲ့တော့ တာ တေမိမင်းရာဇာ။ ရသာရုံအချိုပွဲနဲ့ ပွဲတော်အုပ်အနား မှာ။ အလောင်းတော်ကြီး ရှေ့တော်ကပင်ထားကာ တပ်မက်အောင်လို့သာ။ မယ်တော်မှာ မခြားမျက်ရည် မြင်ရ၍မသက်သာ မျက်ရည်မစဲပါ။ အတန်တန်ချော့မော့ သားတော်ပြောပါ၊ စကားဆိုချင် တစ်ခွန်းလောက် ကြားချင်နေသားနဲ့ ထီးရာဇာ၊ မြတ်သင်္ကန်းနဲ့ ပျော်ရွှင်မှာ၊ အလိုပြည့်အောင် ကျင့်ဆောင် ဖို့ပါ။ ငြီးငွေ့စရာ ထီးရဘွေပါ၊ တေမိယအလောင်းမြတ် တောထွက်လာ။ ။
https://www.youtube.com/watch?v=SZ4ZERWX69o
Published on May 20, 2014
Posted by ဉာဏ်ဦး
Subscribe to:
Posts (Atom)