Showing posts with label သံသရာခရီးသည်. Show all posts
Showing posts with label သံသရာခရီးသည်. Show all posts
Wednesday, February 18, 2015
ဓမ္မ တေး (၂၂)
သံသရာခရီးသည်
ရေး- စာရေးဆရာ အောင်လင်း၊
တီး- စန္ဒရားချစ်ဆွေ၊
နားဆင် နှလုံးသွင်းရန်
[သံသရာဝဲ ပင်လယ်ဗွေ၊ ရေလှိုင်းမုန်တိုင်းကထန် စုန်ဆန်မျောလို့အတောမသတ်နိုင်စရာပေ ဗေဒါပန်းလိုလေ ကမ်းမမြင်လမ်းမမြင်၊ ဪသည်တရား ဆင်ခြင်ကာပေ၊ လူတို့နယ်တစ်ခွင် ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းက
ကွေကွင်းနောက်ဆုံးရှိမည်ထင်၊ ဒါတွေတွေးကြည့်ရင် ဆွေးလို့သာ ဖြေမရွှင်၊ (ဝေးဝေးကချစ်သူရောက် ရင် နီးနီး က ချစ်သူပျောက်မယ်၊ အချစ်ရယ် အမုန်းရယ်၊ အနီးရယ် အဝေးရယ်၊ ဘယ်သင်းမှမမြဲနိုင်ပေ၊ ဘဝသံသရာ မှာလေ လောကဓံဝဲဂယက်မှာ စုန်ဆန်မျောကာ သာနေ သံသရာ... ခရီးသည်တွေ)]၂။ ။
Published on Dec 18, 2014
Posted by ဉာဏ်ဦး
Friday, April 18, 2014
ဓမ္မ တေး (၁၃)
သံသရာခရီးသည်
တေးရေး - ဦးဘိုခင်
ဆို - မေလှမြိုင်
နားဆင် နှလုံးသွင်းရန်
(ကာမဘုံသား ဆုံလည်နွားသို့နှယ် အနမတဂ္ဂ ဘဝတွေမယ် ကြင်လည်ခဲ့ကြတာရယ် မဆုံးနိုင်ကြတယ်၊ တဝဲလည်လည် သမုဒယဆိုသော တဏှာရယ် ငြိလာတယ် သံယောဇဉ်ကတွယ်၊ သားရယ် သမီးရယ် ဇနီးသည် ခင်ပွန်းလင်သည် ဆွေရယ် မျိုးရယ် ချစ်ကြိုးအသွယ်သွယ် နှောင်ဖွဲ့ချည်တယ် မရုန်းနိုင် မထွက်နိုင် မြဲခိုင်လှတဲ့ သံသရာခရီးသည်)။ xxx
(လှမ်းကာတက်ကာ မြန်းကြတယ်၊ တောတောင်ရေလမ်း ပန်းလှဖွယ်၊ နိမ့်ကာ မြင့်ကာ သွားလို့ရယ်၊ သံသရာခရီးသည်) သံသရာခရီးသည်။ xxx
(ဖြစ်လွယ် ပျက်လွယ် သဘောရယ် လောကဝယ် ပြောလို့မဆုံးဖွယ်၊ သင်္ခါရ အတောမသတ်လို့ မတည်မြဲလေတယ်၊ ယသော အယသော လာဘော အလာဘော နိန္ဒာ ပသံသာ သုခံ ဒုက္ခံ လောကဓံ တရားမြတ်ရယ်)။ xxx လောကီဘုံအလယ် ဆုံလာကြတဲ့ ပုထုဇဉ်လဲ မလွဲပါတယ်၊ သံသရာခရီးသည် သံသရာခရီးသည် သံသရာခရီးသည်။ ။
Posted by ဉာဏ်ဦး
Subscribe to:
Posts (Atom)