Monday, March 23, 2015

Dhammapada 81 [Khuddaka Nikaya]


6 - Panditavagga, The Wise
7 - Lakundakabhaddiyatthera Vatthu
Selo yatha ekaghano, vatena na samirati;
evam nindapasamsasu, na saminjanti pandita.
81: As a mountain of rock is unshaken by wind, so also, the wise are unperturbed by blame or by praise.
Reference:
Mya Tin, Daw, tr. The Dhammapada: Verses and Stories. Rangoon: Burma Tipitaka Association, 1986.

Posted by Nyan U

Sunday, March 22, 2015

သာရကာကျေးငယ်တို့


ပတ်ပျိုးကလေး
ရေး- မြဝတီမင်းကြီး
ဆို- မစိမ်းစိမ်း၊
တီး- စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုလ်တင့်
https://www.youtube.com/watch?v=zWTLq9h_0BE
Published on Jul 7, 2014

သာရကာကျေးငယ်တို့
သာရကာကျေးငယ်တို့။ ခွံနွေးရာသိုက်မှီ၊ ရဝိန်ဘုံခန်း၊ လယ်လမ်းကွန့် ဒေသစာရီ။ ပတ်သန်းငယ်တည့် စီအရီ၊ ဇော်ဂီ ကွက်ဆင်၊ သက်တင် ချိပ်ပန်း၊ တိမ်မိလ္လာ စူကာ ဆင်ဇော်ရမ်းနှင့်လေ။ ဆေးပန်းချီ ၊ စုံစီခြယ်လှယ်

သန်းလို့လေ။ ရှစ်ခန်းတခွင်၊ ခြယ်မင်လှိုင်းပါလို့၊ အိုဆင်သင်တိုင်းငယ်နှင့်၊ ဝိုင်းခါသာအုံ၊ ညွတ်ခွေယိုင် အို ဖြေနိုင်ပဲ ငယ်လေး၊ ဘွင်သဲကြွေလု ဆွေးစေကြုံ။ အို မိုးငယ် ရွှေအမ္ဗုန်က၊ စည်သံစုံဆော် လာချဲ့ ပါလို့၊ ဖေါ်ကွာမယ့် ဆွေးစေဖန်၊ ရွာပုံဟန်နှင့်သာ၊ မာန်ငြိုးပြင်း၊ အသူရာတို့ ဗျူဟာကျင်း၊ စစ်ခင်းမာန်ဘွဲ့၊ မိုးလေတိမ်ဆီ လှမ်းဘယ်မမှီ။ ရာသီနန်း၊ ဘုံခန်းခါပြုနှင့်၊ ညီအောင်တဲ့ ရီမှောင်။  ။
[သဖြန်] ရစ်သိုင်းငယ်မှောင်၊ မကာရ်းစူကာနှောင်သို့၊ ရွာယောင် မာန်ပျိုး။ ကြွေးရင့်ငှက်သံ၊ နွေရက်ကယ် မိန်အကျန်မို့၊ ချိန်မတန် ရွာစွေဖွဲတယ်၊ တင့်ရဲတဲ့မိုး။  ။

Posted by ဉာဏ်ဦး

သီချင်းကြီး- ဝ၂၈ သာရကာကျေးငယ်တို့_ဆို- မစိမ်းစိမ်း၊ တီး- စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုလ်...

Saturday, March 21, 2015

လူမနှော


တလာကန်ခန်းပတ်ပျိုး
ရေး- မြဝတီမင်းကြီး၊
ဆို- အေဝမ်းတင်တင်လှ၊
တီး- စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုတင့်
https://www.youtube.com/watch?v=IJwlPWA8Ae4
Published on Jun 30, 2014

လူမနှော
လူမနှော၊ စုံခြေတင့်မော၊ တိမ်ကြောတောင်ယံ၊ ဆွေမနီးငယ်လေ၊ ငြင်းပြွေနရည်း၊ ရွှေဆည်းကညံ၂။x နီလာမြနှုန်း၊ တောင်စာပိတုန်း၊ ဂမုန်းဝတ်ရည်လျှံ ၊ ကြိုင်လှိုင်ညွှတ်၊ အို ကြွေလုလွတ်၊ ဖက်ဆွတ်ကယ်မွှေး၊ လေချိုကသွေး၊ ငှက်ကျေးချီချငယ်ညံ၂။xx [သဖြန်]။ တလာကန်၊ မိနတ်ကယ်ဖျော်ဖြေစံသည့်၊ မြစင်္ကြံ ဝင်သဝဏ်နှင့်၊ စုံရိပ်မွန်ကြော၂။ ချစ်ကြည်နူး၊ တီတူးငယ်တည့် မိုးကကြော်၊ မြင်တော်မူလှည့်၊ စာနာယိမ်းငယ်လေ၊ စိမ်းလေသည့်ကော။ ။
 

Posted by ဉာဏ်ဦး

သီချင်းကြီး- ဝ၂၇ လူမနှော_ဆို- အေဝမ်းတင်တင်လှ၊ တီး- စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုတင့်

Friday, March 20, 2015

Dhammapada 80 [Khuddaka Nikaya]


6 - Panditavagga, The Wise
5 - Panditasamanera Vatthu

Udakam hi nayanti nettika, usukara namayanti tejanam;
darum namayanti tacchaka, attanam damayanti pandita.
80: Farmers (lit., makers of irrigation canals ) channel the water; fletchers straighten the arrow; carpenters work the timber; the Wise tame themselves.
Reference:
Mya Tin, Daw, tr. The Dhammapada: Verses and Stories. Rangoon: Burma Tipitaka Association, 1986.

Posted by Nyan U

Tuesday, March 17, 2015

ဓမ္မ တေး (၂၃)


တေမိယဇာတ်
ရေး- အေဝမ်းဆရာညှာ၊
ဆို- ဝင်းဦး၊
နားဆင် နှလုံးသွင်းရန်

တေမိယဇာတ်
လူနတ်ဗြဟ္မာ သတ္တဝါဝေနေယျတို့ ကဲဖြတ်လိုသော ဆန္ဒ ရှိတာ အမှန်ပါ.....၊ ထီးစည်းစိမ် နန်းစည်းစိမ် မခံစားလို သဗ္ဗညုတရွှေ ဉာဏ်တော်ကို အလိုရှိ၍ တေမိယဆုပန်ရှာ။ တေမိမင်းရာဇာ ထီးမွေနန်းမွေ အလိုမရှိပါ၊ အပါယ်ငရဲ ကြောက်လို့သာ၊ ထီးဖြူစောင့်တဲ့ နတ်မယ်သူဇာ အတန်တန်တားကာ စကား မပြောဖို့ရာ၊ အို-- ဆွံ့အ ချင်ယောင် ဆောင်လို့သာနေပါ၊ ဒေသနာ ဖွေရှာလို့သာ၊ အလောင်းတော်မှာ၊ အကြောင်းမျှော်ကာ၊ အကြောင်း
မျှော်ကာ၊ အလောင်းတော်မှာ၊ ဆွံ့အ ချင်ယောင်ဆောင်ကာ နားထိုင်း၍ သာ ငြိမ်ငြိမ်နေပါ၊ ဒေသနာဖွေရှာလို့သာ၊
အလောင်းတော်မှာ၊ အကြောင်း မျှော်ကာ၊ အကြောင်း မျှော်ကာ၊ အလောင်းတော်မှာ၊ စိတ်အကြံမှာ ဒိဋ္ဌာန်ကာ နွမ်းလျကာ စွမ်းမပြပါ၊ တေမိမင်းရာဇာ။ ဖခမည်းစိတ်မှ သည်အာဏာ၊ ပုဏ္ဏားမှူးမှ တိုင်တည်ကာ၊ သားတော်ကို ငိုရီဖို့ရာ၊ အလိုလိုခန့်ကြတာ၊ သနားစရာ အကာလသားတို့ဟာ နှစ်သိမ့်ကာ လသားအရွယ်ကသာ၊ ကညာပျိုဖြူ နန်းတွင်းသူတွေ ဘယ်လိုချော့လို့ စိတ်ကမပါ၊ (၁၇)နှစ်အရွယ်မှာ ပယ်ရှားခဲ့တော့ တာ တေမိမင်းရာဇာ။ ရသာရုံအချိုပွဲနဲ့ ပွဲတော်အုပ်အနား မှာ။ အလောင်းတော်ကြီး ရှေ့တော်ကပင်ထားကာ တပ်မက်အောင်လို့သာ။ မယ်တော်မှာ မခြားမျက်ရည် မြင်ရ၍မသက်သာ မျက်ရည်မစဲပါ။ အတန်တန်ချော့မော့ သားတော်ပြောပါ၊ စကားဆိုချင် တစ်ခွန်းလောက် ကြားချင်နေသားနဲ့ ထီးရာဇာ၊ မြတ်သင်္ကန်းနဲ့ ပျော်ရွှင်မှာ၊ အလိုပြည့်အောင် ကျင့်ဆောင် ဖို့ပါ။ ငြီးငွေ့စရာ ထီးရဘွေပါ၊ တေမိယအလောင်းမြတ် တောထွက်လာ။ ။
https://www.youtube.com/watch?v=SZ4ZERWX69o
Published on May 20, 2014
 

Posted by ဉာဏ်ဦး