Friday, August 9, 2013

Theravada Audio Dhamma (20)


Javana, Ashin (Metta Shin). ပထမနိဗ္ဗာန်။ [The First Nibbana]. Yangon, 1367 B.E.
Include: the cause of cleverness; difference between Triple Gems and Five venerable persons to pay gratitude; propagation of Sasana; whether worshipping Shin Upagutta is right or wrong; suggestion to avoid making the sculpture of Dekkhinasakha; comparison of casting into Apaya by Pancanantariya Kamma and Miccha ditthi; defects of sensuality; attaining the First Nibbana.  Listen more
Javana, Ashin (Metta Shin). ပြုံးသေမဲ့သေ။ [Smile Death, Wry Death]. Yangon, 1365 B.E.
Mentioned: the miseries of pregnancy and death; three types of Marana; dispelling Loba and Dosa Kilesa; eight Rupa Dhatu; practical elimination of Ditthi; brief Vedananupassana practice.  Listen more
Nyanissara, Dr Ashin (Sitagu Sayadaw). သံဝေဂဉာဏ်နှင့် သံဝေဂ ဘာဝနာ။ [Samvega Nana and Samvega Bhavana]. [no date]
Explained: the usefulness of a corpse; four Samvega Nana; benefits of Samvega Bhavana; the sequence of the Dhamma that the Buddha preached (Dana Katha, Sila Katha, Sakka Katha, Adinava Kammanta Katha, Nikkhama Katha and Sacca Katha); changing Samvega Nana into Dhamma Cekkhu Nana with an example story about a rich man's son Rassa.  Listen more
Nyanissara, Dr Ashin (Sitagu Sayadaw). အိုသည့်တိုင်အောင်ကောင်းမယ့် တရား။ [Dhamma Which Will Be Good Until Old Age]. Kyauktan, 14 November 2011.
Described: how firm the Dhamma is; four Dhamma which will be good until old age_Sila, Saddha, Panna and Ponnya.  Listen more
Sumangala, U (Daeou Sayadaw). ပဗ္ဗတူပမသုတ်။ [Pabbatupama Sutta]. Mandalay, 6 October 2006.
Advising to practise Vipassana in time to have true happiness referring to “ Pabbatupama Sutta”.  Listen more
Sumangala, U (Daeou Sayadaw). ဝက္ကလိသုတ္တန်။ [Vakkali Sutta]. Mandalay, 7 October 2006.
Urging to perform Vipassana in order to escape from Samsara with reference to “Vakkali Sutta”.  Listen more

Posted by Nyan U & Aye Sat

Thursday, August 8, 2013

Dhamma Terms (7)


ကမ္မဝါ /kamawa/
n 1 selection from sacred Pali texts recited by monks according to the ritual performed. ... Also ကမ္မဝါစာ [Pali ကမ္မ + ဝါစာ]
ကမ္မဝဋ် /kan ma. wu'/ 
n commission of deeds conducive towards effecting a cycle of existences and suffering. [Pali ကမ္မ + ဝဋ္ဋ] _ Kamma-vatta: 'kamma-round'
ကမ္မသကာ /kan ma. thaga/ adv Same as ကံစီမံရာ adv. [Pali ကမ္မဿ       က]
ကမ္မဋ္ဌာန်း /kamahtan:/ 

n religious meditation. [Pali ကမ္မ + ဌာန] _ Kammatthāna: lit. 'working-ground' i.e. for meditation, is the term in the Com. for 'subjects of meditation.'
ကမ္မဋ္ဌာန်းထိုင် /kamahtan: htain/ v practise religious meditation.
ကုမ္ဘဏ် /goun ban/ n ogre of monstrous proportions. [Pali ကုမ္ဘဏ္ဍ]
ကုမ္မာရီ /koun ma ji/ n maiden. [Pali ကုမာရီ]
ကိုယ်ကျင့်တရား /kou gjin. taja:/ n morals.
ကိုယ်ခန္ဓာ /kou khan da/ n the body.
ကိုယ်ချင်းစာတရား /kou gjin: sa taja:/ n consideration: sympathy.
ကိုယ်တော် /kou do/ n reverential term of address (for monks and royalty).
ကိုယ်ရုံ /kou joun/ n Buddhist monk's robe. Also ဧကသီ.
ကိုယ်လက်နှီးနှော /kou le' hni: hno:/ v have sexual relations. [lit trans from Pali ကာယသံသဂ္ဂ]
ကဿ       ပ /ka' thapa./ 

n name of the third of the five Buddhas to spread enlightenment in this world. See also ဘဒ္ဒကမ္ဘာ. [Pali ကဿ       ပ]
Posted by Nyan U

Wednesday, August 7, 2013

ဆယ့်နှစ်ရာသီ (၅)

၁၃၇၅ ခု၊ ဝါခေါင်လဆန်း ၁ ရက်
 

ဝါခေါင်လဘွဲ့
လစန်းရယ်တဲ့ ငွေဘုံဆောင်။
ပြည့်ဝန်းကြယ်သရဝဏ်နှင့်၊
နယ်တဝှန် ရှစ်ခွင်တိုင်းမှာ၊
မှိုင်းရည်လို့မှောင်။
ငွေတာရာ သိန္ဓဝငယ်တို့၊
ဝေဟာမှာ အရှိန်ပြပါတဲ့၊
အချိန်သမယ လဝါခေါင်မှာ၊
ငွေသောင်မြစ်ပြည့်လျှမ်း။
ခတ္တာငုံ၊
ချပ်လွှာမှုံ တကြူကြူနှင့်၊
ပြည်နိဗ္ဗူ ပတ္ထနာသန်လို့၊
စာရေးတံလှုတော်ပွဲကို၊
(အိုကွယ်) နွှဲပျော်ဖို့လှမ်း။
မဟာဂီတ ဦးပြုံးချို 
Posted by ဉာဏ်ဦး

Tuesday, August 6, 2013

Dhammapada 30 [Khuddaka Nikaya]


II- Appamadavagga, Heedfulness
7- Magha Vatthu

Appamadena maghava, devanam setthatam gato;
appamadam pasamanti, pamado garahito sada.
30: Through mindfulness (in doing meritorious deeds) Magha became king of the devas. Mindfulness is always praised, but negligence is always blamed.

Posted by Nyan U

Monday, August 5, 2013

ဓမ္မ တေး (၃)


မော်ပြန် ယိုးဒယားတီးကွက် ဓမ္မဂီတ ယိုးဒယားကြီး 
တေဘုမ္မာ
ရေး_ ကျိုက်လတ် ဦးပြုံးချို
ဆို_ မောင်မောင်ကြီး၊ ရီရီသန့်၊ တင်တင်မြ
ရှင်းတမ်းပြော_တင်တင်မြ
နားဆင် နှလုံးသွင်းရန် 

တေဘုမ္မာဆိုတာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ ဆိုတဲ့ ဘုံသုံးပါးကို ဆိုလိုပါတယ်။ ဒီဘုံသုံးပါးနဲ့ ကာမဘုံ အစုထဲမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ၊ လူ့ဘုံတစ်ဘုံနဲ့ နတ်ဘုံခြောက်ဘုံ စုပေါင်းထားတဲ့ ကာမ (၁၁) ဘုံ ရှိပါတယ်။ ဗြဟ္မာကြီးတွေရဲ့ ရူပဘုံ (၁၆)ဘုံနဲ့ အရူပဘုံ (၄)ဘုံ အပါ အဝင် စုစုပေါင်း (၃၁) ဘုံရှိပါတယ်။ အကျဉ်းအားဖြင့် ဘုံသုံးပါးကို တိဘုမ္မ လို့ ခေါ်ပါတယ်။ တိဘုမ္မမှ တဆင့် တေဘုမ္မာဆိုတဲ့ ဂန္ဓဝင်သီချင်း မွေးဖွားပေါ်ပေါက် လာရပါ တယ်ရှင်။  ။
တေဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့ များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ အဝိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ၊ ဒိဋ္ဌိဉာဏ် ဝင်စား ထင်မှား မြင်ငြားကြတာ၊ လူပဲ နတ်ပဲ မှတ်စွဲလို့သာ မှားချက်အလွန်နာ၊ ငါ့သား ငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ် ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ဝိပဿနာ ဝင်စား ထင်လျား မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရကမှန်စွာ၊ အနတ္တခန္ဓာ ဖြစ်ရင်း တည်ရင်း ပျက်ရင်းချုပ်ကာ၊ ရုပ္ပတိသညာ၊ ဖောက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရား နာမ်တရားနှစ်ဖြာ၊ အိုနာ သေမည် အတည်မကျပါ၊ သင်္ခါရဟာ ဘင်ကာလ မကြာ၊ ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ (အဝိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ဝိဉာဏ်နာမ်တရား ရုပ်တရား နှစ်ဖြာ၊) ၂ ။ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ ပဋိစ္စသမုပ္ပာန် ရှုပ်ပြန် အတွင်းအပ တဏှာ။ x ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂါဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ။ x၂ ။
တေဘုမ္မာ ပြန်ကောက်၍ (အတွင်းအပတဏှာ။) က နောက်ပိုဒ်သို့ ဆက်ဆို

တေဘုမ္မာဆိုတဲ့ ဘုံသုံးပါးမှာ ဖြစ်သမျှ တရားအပေါင်းရဲ့ အနိစ္စ- မမြဲမှု၊ ဒုက္ခ- ဆင်းရဲမှု၊ အနတ္တ- စိုးပိုင်နိုင် ခြင်းမရှိမှု တို့ကို မသိမမြင်နိုင်ကြတဲ့အတွက် ဘဝသံသရာကြီး ဝဲလည်ရှည်လျား နေရ ပါတယ်။ ကာမ တဏှာ- လိုချင်တပ်မက်မှုတွေနဲ့ ပြောင်းဆန်နေတဲ့ ဝဲဩဃကြီးမှာ နစ်မြုပ်နေ ကြရပါတယ်။ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက်နဲ့ ဘဝပေါင်းများစွာမှာ တပြောင်းပြန်ပြန် အဖန်တလဲလဲ ဖြစ်ခြင်းဆိုတဲ့ ဝဲဩဃကြီးမှာ နစ်မြုပ်နေကြရပါတယ်။ မှားယွင်းစွာဖြင့် သိမှုဆိုတဲ့ ဝဲဩဃကြီးမှာ နစ်မြုပ်နေကြရပါ တယ်။ လွတ်မြောက်ခြင်း တရားသစ္စာမှန်ကို မသိ မမြင် တွေဝေမိုက်မဲမှုဆိုတဲ့ ဝဲဩဃကြီးမှာ နစ်မြုပ်နေကြရပါတယ်။ လွဲမှားစွာသိမြင်နေမှုဆိုတဲ့ ဒိဋ္ဌိဉာဏ်ကြောင့် လူရယ် နတ်ရယ်ဆိုပြီး အထင်အမြင်တွေ မှားနေကြပါတယ်။ ငါ့လင်၊ ငါ့သား၊ ငါ့မယား၊ ငါ့ဥစ္စာ၊ ငါ့ပစ္စည်း၊ ငါပိုင်တယ်၊ ငါဆိုင်တယ်ဆိုတဲ့ ငါသညာတွေ၊ သက္ကာယအယူတွေနဲ့ တက်ကြွထောင်လွှား မာန်မာန ထားနေကြပါတယ်။ အဲဒါတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခ္ခဏာရေးသုံးပါး ခွဲခွဲခြားခြား ထင်ရှားစွာ သိမြင်ကြအောင် ဝိပဿ       နာ တရားကို ဝင်စား ဆင်ခြင်ကြပါ။ တကယ်တော့ အနတ္တဆိုတဲ့ ခန္ဓ္ဓာကိုယ် အစုအဝေးကြီးဟာ အ,သာရက လို့ဆိုတဲ့ ဘာမှ အနှစ်သာရ ရှာဖွေလို့ မရနိုင်ပါဘူး။ ဖြစ်လိုက်၊ တည်လိုက်၊ ပျက်လိုက်နဲ့ ဖေါက်ပြန်မှု ရုပ္ပတိ အမှတ် သညာတွေမို့ မိမိ မပိုင်မဆိုင်တဲ့ အမြဲ ဖေါက်ပြန်ပျက်စီးနတဲ့ တရားတွေသာဖြစ်ပါတယ်။ ရုပ်နာမ် ဆိုတာ မမြဲတဲ့ တရား၊ မပိုင်မဆိုင်တဲ့ တရားတွေပါ။ ဒီတရားနှစ်ခုရဲ့ အိုမှု၊ နာမှု၊ သေမှု တွေကလည်း အတည် တကျ မရှိပါဘူး။ ဖြစ်ပျက် ပြုပြင်မှု သင်္ခါရ သဘောတရား သက်သက်ဖြစ် တဲ့အတွက် ဘင်ကာလ လို့ဆို တဲ့ ပျက်စီးရမယ့် အချိန်ကာလ မလွဲမသွေရောက်ရပါလိမ့်မယ်။ အဲဒီအချိန် ရောက်တဲ့ အခါကျမှပဲ နတ်ဘဝ၊ လူ့ဘဝ၊ ပြိတ္တာဘဝ၊ တိရစ္ဆာန် ဘဝ၊ ငရဲသားဘဝစတဲ့ လားရာဂတိ ငါးပါးမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံကို ရောက်သွား တတ်ပါ တယ်။ အဝိဇ္ဇာဆိုတဲ့ အဟုတ်အမှန်ကို မသိမမြင် မရှင်းမလင်း မှုကြောင့် ပစ္စုပ္ပန်အမှု၊ သံသရာ အမှုတို့ကို ပြုစုပျိုးထောင်တယ်ဆိုတဲ့ သင်္ခါရ အကျိုးဖြစ်လာရပါတယ်။ သင်္ခါရကြောင့် ဘဝသစ်မှာ ဝိညာဉ်အသစ် ဖြစ်လာရပါတယ်။ ဝိညာဉ်အသစ်ဖြစ်ခြင်းကြောင့် နာမ်အစု ရုပ်အစု တွေဖြစ်၊ အဲဒီ နာမ်စုရုပ်စုတွေကြောင့် ဒွါရခြောက်မည် အကြည်ခြောက်ပါးစတဲ့ သဠာယတနတရားစု တွေဖြစ်၊ အဲဒီတရားစုတွေကြောင့် အာရုံတွေ့မှု ဖဿ       တရားတွေဖြစ်၊ ဖဿ       တရား တွေကြောင့် ဝေဒနာဆိုတဲ့ အာရုံခံစားမှုတွေဖြစ်၊ အဲဒီ ဝေဒနာတွေကြောင့် ဝတ္ထုအာရုံ ကာမဂုဏ်ကို ခင်မင်တွယ်တာ သာယာကပ်ငြိတဲ့ တဏှာ ဖြစ် လာရပါတယ်။ ဒါ့ကြောင့်အကြောင်းကို စွဲပြီး အကျိုးဖြစ်ရတဲ့ ပဋိစ္စသမုပ္ပါဒ်တရားများ ဖြစ်ပွား လာရပါတော့ တယ်။ တကယ်တွေးကြည့်လိုက်တော့ သမုဒယခေါ်တဲ့ တပ်မက်မှု တဏှာဟာ အရင်းခံနေ ပါတယ်။ အဲဒီ တပ်မက်မှု တဏှာကို မဂ်လေးပါးတရား သစ္စာဆေးနဲ့ ကုသပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေးသုံးပါးနဲ့ ရှုမြင် ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်ရှင်။  ။
(မြေ ရေ လေ မီး ဓါတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊) ၂။ (မုန်းဖွယ့် မလွတ်ပါ သုံးဆယ့်နှစ်ကောဋ္ဌာ၊) ၂ ။ (မိုက်မဲအဝိဇ္ဇာ၊ စိတ်တဏှာ အနိဋ္ဌာ ဣဋ္ဌာရုံထင်မိမှား၊ ကာယ အပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချုပ်နှောင်ကာ သူလှည့်စား၊) ၂ ။ (တရားကွာ မှားရှာ များသတ္တဝါ၊ ဘဝ အနေကာ ဖြစ်ပျက်သံသရာ၊) ၂ ။ မီးဆယ့်တစ် ငြိမ်းရာချုပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစား ရအောင်ရှာ၊ ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာ၊ သမုစ္ဆေပဟာန် ဧကန်ပယ်၍ခွာ၊ အထက်တန်း တက်လှမ်း မကြာ၊ ရုပ်နာမ် ခန္ဓာ နှစ်ဝလုံးဟာ အစတုံးကာ ဘဝဆုံး အမတာ၊ အဲ သို့မှသာ၊ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊ အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယ ကိလေ တိခြွေပယ်ဖို့ရာ အမှန်ဝါယမန် စိတ်သန်သမာဓိ ဝိပဿ နာဉာဏ် ရင့်သန်စေဖို့ရာ။ x၂ ။  ကရောင်းသွားဆက်။ ။
မြေဓါတ် ရေဓါတ် လေဓါတ် မီးဓါတ် လို့ဆိုတဲ့ ဓါတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ခန္ဓာအတ္တ ဘောကြီးဟာ အမြတ်တရားရယ်လို့ ဘာမှမရှိဘဲ အလွန်တရာမှ စက်ဆုပ်ဖွယ်ရာ ရွံရှာစရာ ရုပ်နာမ်အစုအဝေးကြီးသာဖြစ်ပါတယ်။ သွေး၊ ပြည်၊ သလိပ်၊ အစာသစ်၊ အစာဟောင်း၊ ရိုးတွင်းခြင်ဆီ၊ ဆံပင်၊ မွေးညှင်း အစရှိတဲ့ (၃၂) ပါးသော တရားစုတွေနဲ့ စုရုံးဖွဲ့စည်း ထားခြင်းသာ ဖြစ်ပါတယ်။ ဒီအလိုမရှိအပ်တဲ့ အနိဋ္ဌာရုံ ကို အဝိဇ္ဇာ ဆိုတဲ့ မသိမမြင်မှု အပိတ် အပင် အတာအဆီး တွေကြောင့် ခုံတမင်မင် ခင်တမြားမြားအလိုရှိအပ်တယ်၊ နှစ်သက် ဖွယ်ဖြစ်တယ်ရယ်လို့ ထင်မှား နေကြရပါတယ်။ ကာယအပုပ်ကောင်ကြီးဟာ မှန်သယောင် ဟုတ်သယောင်နဲ့ ရုပ်ဆောင်ပြီး စုချည်နှောင်ဖွဲ့ လှည့်စားနေပါတယ်တဲ့။ ဒါကြောင့်လည်းပဲ များစွာသော သတ္တဝါတွေဟာ တရားသစ္စာမှန်နဲ့ ကင်းကွာနေကြပြီး အနမတဂ္ဂ သံသရာမှာ ဘဝပေါင်းများစွာ တပြောင်းပြန်ပြန် အဖန် တလဲလဲ ကျင်လည်ကျက်စားနေကြရပါတယ်။ ဒါကြောင့် ရာဂဆိုတဲ့ တပ်မက် မှု၊ ဒေါသ ဆိုတဲ့ ကြမ်းတမ်းပြစ်မှားမှု၊ မောဟဆိုတဲ့ မသိမမြင် မိုက်မဲတွေဝေမှု၊ ဇာတိဆိုတဲ့ ပဋိသန္ဓေနေရမှု၊ ဇရာ ဆိုတဲ့ အိုမင်းမှု၊ မရဏဆိုတဲ့ သေရမှု၊ သောက ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပရိဒေဝဆိုတဲ့ ငိုကြွေးရမှု၊ ဒုက္ခဆိုတဲ့ ကိုယ်ဆင်းရဲမှု၊ ဒေါမနဿ       ဆိုတဲ့ စိတ်ဆင်းရဲမှု၊ ဥပါယာသာဆိုတဲ့ ဆို့တက်မေ့မြော မိန်းမောရမှု စတဲ့ မီး (၁၁) ပါးတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကို ရောက်ုနိုင်ရာရောက်နိုင်ကြောင်း မဂ် တရား၊ ဖိုလ် တရားတို့ကို ရရှိနိုင်အောင် ကြိုးစားအားထုတ်ကြရပါမယ်တဲ့။ ဒိဋ္ဌိဆိုတဲ့ အမြင်လွဲမှားမှုတွေ၊ ဝိစိကိစ္ဆာ ဆိုတဲ့ ယုံမှားမှုတွေကို အမြင်ကြည်အောင် ပယ်ခွါရှင်းလင်းပစ်မှသာ ရုပ်နာမ် ခန္ဓာ နှစ်ပါး ချုပ်ငြိမ်းရာ သေခြင်းကင်းရာ နိဗ္ဗာန် အထက်လမ်းကို အချိန်မကြာဘဲ တက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်။ ဒါမှသာ အေးမြချမ်းမြေ့ ငြိမ်းချမ်းသော နိရောဓကို မျက်မှောက်ပြု ကြရမယ်ဖြစ် တဲ့အတွက် အနုသယလို့ခေါ်တဲ့ အလွန်တရာမှ သိမ်မွေ့လှတဲ့ ကိလေသာကို တိဖြတ်ခြွေဖြုတ်နိုင်မယ့် အရဟတ္တဖိုလ်ပညာ ရရှိဖို့ရာ သမာဓိနဲ့ ဝိပဿ       နာဉာဏ်ရင့်သန်စေအောင် စိတ်ထက်ထက် သန်သန်နဲ့ ကြိုးစားအားထုတ်ကြရပါမယ်။  ။
ငါးဆူရှင် ပါရမီတော်ရင့်သည် ပွင့်တော်မူရာ ဘဒ္ဒဤကမာ၊္ဘ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျှင်မှန်စွာ ရှည်- လျား- သုညကမ္ဘာတွေမှာ ဓမ္မာသွေခွါ အပါယေမှာပျော်ဖို့၊ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲ တိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။ x ၂ ။
ဤဘဒ္ဒကမ္ဘာကြီးမှာ ဘုရားငါးဆူပွင့်မှာဖြစ်ပြီး ပွင့်တော်မူပြီးဖြစ်တဲ့ ဘုရားရှင်များကတော့ ကကုသန်၊ ကောဏဂုံ၊ ကဿ       ပနဲ့ ဂေါတမ
ရှင်တော်တို့ ဖြစ်ကြပါတယ်။ ဤ ဘဒ္ဒကမ္ဘာမှာ နောက်ဆုံး ပွင့်တော်မူမယ့် ဘုရားကတော့ အရိမေတ္တေယျ ဘုရား ရှင်တော်ပဲ ဖြစ်ပါတယ်ရှင်။ ပွင့်တော်မူပြီးဖြစ်တဲ့ ဘုရားရှင်များရဲ့ တရားတော်တွေ၊ ပွင့်လာမယ့်ဘုရားရှင်ရဲ့ တရားတော်တွေကို နာခွင့်ရလျက်နဲ့ အဝိဇ္ဇာတိမ်သလာတွေ ပိတ်ဖုံးပြီး ဘုရားမသိဘဲ ကျွတ်လွတ်ခွင့်နဲ့ လွဲသွား ရင်တော့ အလွန်တရာရှည်လျားလှတဲ့ ဘုရားလုံးဝ မပွင့်တဲ့ သုညကမ္ဘာပေါင်းများစွာမှာ တရား ဓမ္မများနဲ့ သွေဖယ်ကင်းကွာပြီး တရားအမှန် မရနိုင်တော့ဘဲ အမြဲမှားယွင်းလမ်းလွဲနေတဲ့ မိစ္ဆာဒိဋ္ဌိ အဖြစ်နဲ့ ချမ်းသာခြင်း ကင်းရာ အပါယ်ဘုံဘဝမှာ ကျင်လည်နေ ရတော့မှာ ဖြစ်ပါတယ်။ ငရဲဘုံ၊ တိရစ္ဆာန်ဘုံတွေမှာလည်း သတ္တဝါတွေဟာ အလွန်ထိတ်လန့် ဖွယ်ရာ ကောင်းအောင် စည်ပင်တိုး ပွားနေကြတော့မှာ ဖြစ်ပါတယ်တဲ့ရှင်။  ။

(မကောင်းမှု ဒုစရိုက်တွေကို နည်းအောင်ကျင့်ပါ၊) ၄ ။ (နှစ်လနေ့ရက်နာရီတွေဟာ အချိန် အလကား မကုန်စေရာ၊) ၂ ။ (ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘဝသံသရာ၊ ပညာပါရမီ ကြီးရင့် အောင်ဖို့ပါ၊) ၂ ။ အတီတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလဲ မိုက်ဆဲမှန်စွာ ရှေ့ကိုတိုးလို့ ထမ်းပိုးမိုက်ဦးမှာ၊ အဆုံးသတ်သင့်တာ။ x၂ ။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော သူတော်ကောင်းတို့ ရှောင်ကြဉ်အပ်တဲ့ မကောင်းမှု ဒုစရိုက် (၁ဝ) ပါး ရှိပါတယ်။ အဲဒီဒုစရိုက် (၁ဝ) ပါးကတော့_ကာယဒုစရိုက် ၃ ပါး၊ ဝစီဒုစရိုက် ၄ ပါး နဲ့ မနောဒုစရိုက် ၃ ပါးတို့ ဖြစ်ပါတယ်။ ကာယဒုစရိုက် ကာယကံအားဖြင့် ကျူးလွန်မှုမှာ ပါဏာတိပါ တာ- သူ့အသက်သတ်မှု၊ အဒိန္နာဒါနာ- သူတစ်ပါး ပစ္စည်းဥစ္စာခိုးမှု၊ ကာမေသုမိစ္ဆာ စာရာ- ကာမ ဂုဏ်တို့၌ ယုတ်မာသော အကျင့်မှုများ ဖြစ်ပါတယ်ရှင်။ ဝစီဒုစရိုက် နှုတ်ဖြင့် ကျူးလွန်တဲ့ ကံလေး ပါးကတော့ မုသာဝါဒါ- မုသားပြောဆိုမှု၊ ပိသုဏဝါစာ- တစ်ပါးသူအချင်းချင်းမသင့်မြတ်အောင် ကုန်းချောမှု၊ ဖရုသဝါစာ- ကြမ်းတမ်းစွာ အယုတ်တမာ ဆဲဆိုမှု၊ သမ္ဖပ္ပလာပ- သိန်ဖျင်းသော စကားကို ပြောဆိုမှုတို့ ဖြစ်ပါတယ်။ မနောဒုစရိုက် စိတ်ဖြင့် ကျူးလွန်ပြစ်မှားသော ကံသုံးပါးက တော့ အဘိဇ္ဈာ- သူတစ်ပါးစည်းစိမ်ဥစ္စာ ငါ့ပစ္စည်းဖြစ်လျှင် ကောင်းလေစွလို့ မတရားကြံစည်မှု၊ ဗျာပါဒ- သေကြေပျက်စီးသွားလျှင် ကောင်းလေစွလို့ သူတစ်ပါးကို ပြစ်မှားမှု၊ မိစ္ဆာဒိဋ္ဌိ- အယူဝါဒ လွဲမှားခံယူမှုတို့ပဲ ဖြစ်ပါတယ်။ ဒီအပါယ်ရောက်ကြောင်း အကုသလကမ္မပထ တရား (၁ဝ) ပါးကို ကိုယ်တိုင်ပြုလုပ်ခြင်း၊ သူတစ်ပါးကိုခိုင်းစေခြင်း၊ ဒုစရိုက်လုပ်လျှင် ရနိုင်မည့် လောကီအကျိုးပြပြီး တိုက်တွန်းစည်းရုံးခြင်း၊ သူတစ်ပါး အလိုအလျောက် ပြုနေသည်ကို ဝမ်းမြောက်သဘောကျခြင်း တို့ကို ပြုလုပ်ခြင်းမှ ထိန်းသိမ်းရှောင်ကြဉ်ကြရမှာ ဖြစ်ပါတယ်။ နှစ် လ နေ့ရက် အချိန်ကာလတွေကို အလဟဿ       မကုန်လွန်စေဘဲ ကောင်းသော အကျိုးတရားများ ရစေဖို့လိုပါတယ်။ ကာမဂုဏ် တရားကို တောင့်တလိုလားမှု ရမ္မက်ဆိုးများကို ရိုက်ချိုးဖျက်ဆီးပြီး သံသရာ ကျင်လည်နေသေး သရွေ့ဘဝအဆက်ဆက်မှာ ဉာဏ်ပညာပါရမီ ကြီးရင့်လာအောင် ကျင့်ကြံအားထုတ် တတ်ကြရ မှာ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ အတိတ်ဘဝများစွာ ကတည်းက မိုက်စကို တည်ထောင်၊ မိုက် ပင်ကို စိုက်ပျိုး၊ မိုက်ဆိုးသက်ကြီး ရှည်ခဲ့ကြပြီး မျက်မှောက် ပစ္စုပ္ပန် ဘဝမှာလည်း ဆိုးနေဆဲပဲ ရှိနေကြပါတယ်။ နောင်အနာဂတ် ဘဝတွေမှာလည်း ရှေ့ကိုတိုးပြီး မိုက်မိုးမဆုံးဘဲ မိုက်နေကြ လိမ့်ဦးမှာ ဖြစ်တဲ့အတွက် ဘဝသံသရာက လွတ်မြောက် နိုင်ဖို့ရာ မိုက်မှုဆိုးမှုတွေကို အဆုံးသတ် သင့်ကြပါပြီရှင်။  ။
(ကိုယ့်ကိုယ်ကို သနားပါ များသတ္တဝါ၊) ၄ ။ (လောဘ ဒေါသ မောဟ လောင်မီး ကိလေသာ၊) ၂။ (တဟုန်းဟုန်း တောက်လို့သာ၊ တဖြုန်းဖြုန်း မောက်မိုစွာ၊) ၂။ (အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ် ဖြစ်လွယ် စိတ်အားထက်သန်စွာ၊) ၂။ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့အမှုဟာ ထဲစိတ်မပါ၊) ၂။ နေရာဟောင်းကို လွန်အောက်မေ့တာ၊ (လေးဘုံပါယ်ရွာ)၂။ ထဲမှာ နေမြဲသာ များသည် သတ္တဝါ။ x ၂ ။ ။
များစွာများစွာသော သတ္တဝါတို့ဟာ မိမိကိုယ်ကိုမိမိ သနားငဲ့ညှာသင့်ကြပါပြီ။ လိုချင်တပ်မက်ခြင်း လောဘ၊ ကြမ်းတမ်းပြစ်မှားခြင်း ဒေါသ၊ မသိမမြင် မိုက်မဲတွေဝေခြင်း မောဟဆိုတဲ့ ကိလေသာ လောင်မီးတွေက တဟုန်းဟုန်း တဖြုန်းဖြုန်း မိုးမှောင်တောက်လောင်ပြီး ညှဉ်းဆဲနှိပ် စက် နေပါ တယ်ရှင်။ မကောင်းမှု အကုသိုလ် စရိုက်ဆိုးတရားတွေဟာ ပြုလုပ်ရန် လွယ်ကူလှ ပါတယ်တဲ့။ ဖြစ်ဖို့ရန်လည်း လွယ်ကူလှပါတယ်။ ဒါ့ကြောင့်လည်း အကုသိုလ်တရားမှာ သတ္တဝါ အများဟာ လွန်စွာမှစိတ်အားထက်သန်နေကြပြီး နတ်ရွာ နိဗ္ဗာန်လမ်းကို အရောက်လှမ်းဖို့ ကိစ္စအတွက် စိတ်မပါဘဲ ဖြစ်နေကြပါတယ်။ သံသရာတစ်လျှောက် မိမိရောက်ခဲ့တဲ့ အတိတ်ဘဝဟောင်း၊ နေရာဟောင်း
များကိုသာပြန်ပြောင်းတသသ အောက်မေ့နေကြပါတယ်။ အဲဒီ နေရာဟောင်း ဘဝဟောင်းတွေဆိုတာကတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့ပျော်မြူးရာလေးဘုံသော အပါယ်ရွာဖြစ်ပြီး သတ္တဝါများဟာ အဲဒီ အတိတ် ဟောင်းနေရာတွေ မှာ နေမြဲ နေနေကြရတော့တာ ပါပဲလို့ ဒီတေဘုမ္မာ ဂီတတေးသီချင်းကြီးက အဓိပ္ပါယ် ဖွင့်ဆိုသီကျူးထားပါကြောင်း တင်ဆက်လိုက်ရပါတယ်ရှင်။  ။


Posted by ဉာဏ်ဦး

Sunday, August 4, 2013

Dhamma for Lifestyle (7)


Eight Benefits of Homage to Buddha
 

A devout Worshipping to the Buddha is advantageous both in present and in future lives. By doing so, one will gain eight benefits without wishing for them. Here they are:
1. Being honoured in places where ever one goes or arrives.
2. Being intelligence.
3. Having adequate attendants and audience who gratify.
4. Having abundant wealth and luxury.
5. Being good-looking in every existence.
6. Being loved by every one because of one's appearance and nature.
7. Having firm respect and friendship from colleagues and friends.
8. Being famous.

With trust, try to pay homage to the Buddha daily, together with the recitation of "Namo Tassa" three times.
 

In "Tisarana Gamaniyatthera Apadan Pali", the Buddha stated, a bhikkhu who paid obesience once to the Vipassi Buddha did not exist in Netherworld (Apaya) for one hundred thousand aeon. He was called "Ekancalika bhikkhu" in the Gotama Buddha's time.
 

Reference:
Kelasa, Ashin (Sasanadhaja Dhammacariya). Kanni Method Samatha-Vipassana Practice. Yangon, Department of Religious Affairs, 2006.
 

Posted by Nyan U and Aye Sat

Friday, August 2, 2013

Dhamma Facts (4)


Four Apayas (Nether Worlds)
1.The Realm of intense continuous suffering (Niraya_rebirth in hell);
2.The Realm of animals (Tiracchana_rebirth as an animal);
3.The Realm of ever hungry beings (Peta_rebirth as a ghost);
4.The Realm of miserable Petas (Asurakaya_rebirth as a demon).
Posted by Nyan U