Friday, July 5, 2013

ဓမ္မ တေး (၂)


ဘုရားရောင်ခြည်တော်ဘွဲ့ သီချင်းခံ့အလတ်      ရေး _ မြဝတီဝန်ကြီး
                                ဆို _ မာမာအေး၊ 
    နားဆင် နှလုံးသွင်းရန်
ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့ များထွေ၊ ထူးထွေတည့် အံ့ရာသား။  ။   

ရွှန်းရရွန်းလင်း၊ စိမ်းပြာဖြူ ဝင်း၊ နေရောင်ခြည်လင်း၊ ထွန်းလို့လို့ရွှန်းဝေ၊ များထွေတည့်ပွင့်လှိုင်ကြူ ။  ။ 

ဘုန်းတန်ခိုးလဲ၊ နှိုင်းဆိုရာပဲ၊ တူမည်မှာလဲ၊ ရဲရဲဝင်းပြောင်၊ နေမင်းနေမင်း၊ သိန်းရာထောင်၊ ယှဉ်ဆောင်ပြိုင်ခိုင်း၊
နှိုင်းရာတူပဲကို။
      

ဖြူ နီညိုပြာ၊ ထွေလာတည့် ထူးထူးဆန်း၊ ထူးထူးဆန်း၊ တေဇာရောင်လန်း၊ ရွှန်းရရွန်းလှိုင်၊ ဖြာဖြာဝေမြိုင် စိုးပိုင်။   

မပြိုင်တူဝေး၊ နှိုင်းဆိုရာသေး၊ နေမတူရေး၊ ဘုန်းမွှေးဝင်းပြောင်၊ မြူ မှောင်တည့် ပယ်ခွါ၊ ကြေညာလင်းပွင့်၊ ထွန်းဝင်း ထွန်းဝင်း၊ လျှံပေါ် လျှံပေါ်၊ စွယ်တော် စွယ်တော် စွယ်တော်ကျောင်းက၊ ခြောက်ဖြာရောင်ခြည်၊ လွှတ်သည်နှင့်သာ၊ သုံးပါးလောက၊ ငြိမ်းအေးငြိမ်းအေး၊ ကယ်ယူကယ်ယူ၊ ဉာဏ်ပန်းဉာဏ်ပန်း၊ မွှေးလှိုင်ကြူ ၊ မဉ္ဇူ  မှန်ကင်း၊ ထွန်းရောင်ဝါလင်း ရှင်။   ။   

တေဇာရွှင်ရွှင်၊ ပေါ်ထင်တည့် လျှမ်းလျှမ်းဖြိုး၊ လျှမ်းလျှမ်းဖြိုး၊ အာဏာကျော်ဟိုး၊ ဘုန်းတန်ခိုးရောင်၊ ဝေဝေရွှန်း
ပြောင် သိန်းထောင်။
 

အခေါင်ဉာဏ်ပန်း၊ ထွန်းရောင်ဝါလန်း၊ ဇေတဝန်နန်း၊ ခြားသန်းလေသာ၊ ဆောင်စဉ်တည့် လယ်ချာ၊ ကြေညာ
လင်းပွင့်၊ ထွန်းဝင်း ထွန်းဝင်း၊ တေဇော် တေဇော်၊ ရောင်တော် ရောင်တော်၊ ရောင်တော်ဖြိုးမြင့်၊ အံ့ဘွယ်တော်
သာ၊ ဆင့်ကာ ရင့်ကာ ပင်။ x x 


ရှင်ရင်းမြတ် စကြာစုံငယ်ကိုလေး၊ တင်ထိပ်ဦး၊ စုံဖူးတည့်ရှိကြာငုံ။   ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment