Sunday, November 30, 2014

Dhamma Terms (49)


တိရစ္ဆာန် /tarei' hsan/ n animal. [Pali တိရစ္ဆာန]
တိဟိတ် /ti. hei'/

n the three well-springs of merit ie. absence of greed, absence of anger and absence of ignorance. [Pali တိဟေတုက]
တုဏှိဘော /toun ni. bo:/ n state of being silent; self imposed silence. [Pali တုဏိဘာဝ]
တုသိတာ /tou' thi. ta/

n fourth of the sixth levels inhabited by nats or celestial lords. See also နတ်ပြည်ခြောက်ထပ်. [Pali တုသိတာ]
တေဇ /tei za./
n might; power; potency; authurity; glory (as in လက်ရုံး ~ ၊ ဘုန်းရောင်ပသား။ ~ ထန်ပြင်း၊ သိကြားမင်း။ ~ ထွန်းပေါ်၊ ဓာတ်မွေတော်မှာ။) [Pali တေဇ]
တေဇော /tei zo:/
n 1 heat (commonly described as 'element of fire'). 2 fire. See also သီတတေဇော၊ ဥဏှတေဇေ. [Pali တေဇော]
တေဇော် /tei zo/
n 1 heat (as in ~ စတု၊ ခြောက်ခုဝါယော။ ~ ပြင်းထန်၊ နေဗိမာန်လျှင်။). 2 Same as တေဇ n (as in ဘဝဂ်ချင်းမျှ၊ ထန်ပြင်း ~ ။ ... ~ သနင်း၊ တရားမင်းတို့။). [Pali တေဇ]
တေမိ /tei mi./ n a person of very few words. [Pali တေမိယ]
တေမိဇာတ် /tei mi. za'/

n the first of the Ten Great Jatakas (Jataka 538). Also တေမိယဇာတ်. See also ဇာတ်ကြီးဆယ်ဘွဲ့၊ [Pali တေမိယ+ဇာတက]
Posted by Nyan U

Thursday, November 27, 2014

Dhamma Terms (48)

တရုတ်မြောင်း /tajou' mjaun:/ n shallow pleat formed by the seam joining the panels of a monk's robe.
တရုတ်အိမ် /tajou' ein/ n any of the several panels forming a monk's robe.
တာပန /ta pana./

n [Myan cosmol] sixth of the eight levels of principal purgatories. See also ငရဲကြီး [Pali တာပန]
တာလုဇ /ta lu.za./ n [gram] palatal [Pali တာလုဇ]
တာလုဌာန် /ta lu. htan/ n [gram] place of articulation of palatals. [Pali တာလု+ဌာန]
တာဝတိံသာ /ta wadein dha/

n second pf the six levels inhabited by nats or celestial lords. See also နတ်ပြည်ခြောက်ထပ်. [Pali တာဝတိံသ]
တာဝတိံသာပွဲ /ta wadein dha pwe:/
n lighting festival held on the full-moon of Thadingyut to comemorate the return of the Buddha from တာဝတိံသာ. Also မြင်းမိုရ်ပွဲ၊
တိပိဋက /ti, pi. taka./
n Tipitaka: the three repositories of Buddhist scriptures ie. သုတ်၊ ဝိနည်း၊ အဘိဓမ္မာ၊ [Pali တိပိဋက]
တိပိဋကဓရ /ti. pi. taka. dara/ n one who can recite the Tipitaka from memory. [Pali တိပိဋက+ဓရ]
 

Posted by Nyan U

Sunday, November 23, 2014

Dhammapada 72 [Khuddaka Nikaya]


5 - Balavagga, The Fool
13 - Satthikutapeta Vatthu

Yavadeva anatthaya, nattam balassa jayati;
hanti balassa sukkamsam, muddhamassa vipatayam.
72: The skill of a fool can only harm him; it destroys his merit and his wisdom (lit., it severs his head).
Reference:
Mya Tin, Daw, tr. The Dhammapada: Verses and Stories. Rangoon: Burma Tipitaka Association, 1986.

Posted by Nyan U

Thursday, November 20, 2014

Dhammapada 71 [Khuddaka Nikaya]


5 - Balavagga, The Fool
12- Ahipeta Vatthu

Na hi papam katam kammam, sajju khiramva muccati;
dahantam balarnanveti, bhasmacchannova pavako.
71: An evil deed does not immediately bear fruit, just as the newly-drawn milk does not curdle at once; but it follows the fool burning him like live coal covered with ashes.
Reference:
Mya Tin, Daw, tr. The Dhammapada: Verses and Stories. Rangoon: Burma Tipitaka Association, 1986.

Posted by Nyan U

Monday, November 17, 2014

ဓမ္မ တေး(၁၉)

မဟာသမယနေ့ 
ဆို- ရီရီသန့်၊ ဝင်းဝင်းအောင်၊
 
ဇာတကထုတ် ရွှေစာ မဟာသမယသုတ် ဒေသနာ ဘဂဝါမြတ်နှုတ်ခြွေကာ ပမာရှုမျှော်ကာ သဒ္ဓါမှုပေါ်လာ သာဓု အနုမောဒနာ။x ရောဟိနီမြစ်နဒီလှိုင်းဖြာ ကောလိနဲ့ ကပ္ပိတိုင်းမဟာ နတ်ပြည်နဲ့ နှိုင်းဆကာ ဒီမဟာဒိသာ နဒီမာရိတာ ဟရိဖလ ပြည့်မျှဝေဝေဆာ မြနဒီမှာ အလှမတည်တာ နယုန်ဇေဋ္ဌ မြစ်ရေကျသောခါ ပုရင်္ဂ မိလက္ခ ဥဒကပြည်သူဟာ ကပ္ပိလများစွာ ကောလိဘုရင်မင်းတိှု့မှာ ရောဟိနီမြစ် တွင်း စစ်ခင်းကြလေတာ။x ပုဗ္ဗင်္ဂမ လရုဏာ ဉာဏ်မြော်မြင်ကာ ဥတ္တမင်္ဂထုဟာ ဆံတော်ရှင်မှာ နီလ ရောင်ဖြာ အမှောင်အတိပင် ကျတော့တာ နှစ်ပြည်ထောင်စစ်သည် စိုးကြောက်ကြတာ၊ တန်ခိုးခြောက်ဖြာ လျှံဝေပြမှ မာန်တွေချကာ သံဝေဂတွေ ရကြလေတာ။
(ကောလိယ ကပ္ပိလ မြတ်ဇိနထံမှာ ရဟန်းတော် ငါးရာ ဥပသမ္ပဒါ ကံဆောင်ကာ ဘာဏရတီ ရက်မြတ်မှာ အရဟံဝတီ နှုတ်မြတ်ခြွေခဲ့ မုက္ခပါဌ်တွေ မဟာသမယသုတ်တော်ပါ မဟာဝုန်တောကြီး ရဂုံပဟေမဝါ ဆုံကြလေ ထေရ်ဆရာ ဂုဏ်မြတ်သည့် ဒေသနာ နယုန်လပြည့်အချိန်တော်ခါ။)၂။x ။

Posted by Nyan U

Friday, November 14, 2014

Dhamma for Lifestyle (22)


Conditions For Success  
For achieving material success and fame, four conditions are necessary. When these four conditions are present, success in terms of prosperity, fame and following is attained within a short period of time.
The four conditions are:
1. living in a place which is favourable for the attainment of prosperity and merit;
2. association with wise and noble persons;
3. living an honest life and striving for self improvement;
4. having accumulated good deeds done previously.
Of these, the last condition is vital because being endowed with it will contribute towards fulfilment of the remaining conditions.
Reference: A Dictionary of Buddhist Terms. Ministry of Religious Affairs. 1996.
 

Posted by Jade Dame

Thursday, November 13, 2014

ကိုးပါးပေါင်းစု + ရွှေဘုန်း

သာနိုးပျော်ဘွယ်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်
Published on Apr 8, 2014
ကိုးပါးပေါင်းစု
(ကိုးပါး ပေါင်းစု၊ မျက်ရှင်မျက်ရှင်၊ ရောင်ခြည်လေ ရောင်ခြည်လေ၊ မီးရှူးထွန်းသို့၊ ပြောင်ပြောင် ပြောင်ပြောင် ပပဝင်း)၂။ နေရောင်လား ထင်ကာ၊ ဆိုမှား မိမိလေ။ နေရောင်လားထင်ကာ၊ လပင်သာ ဆိုမှား မိမိလေး။ ရှု ကြည့်တိုင်း ထွေထွေ၊ လင်းလေလေ၊ ရောင်ချင်းစပ် ကြလေ။ ရှု ကြည့်တိုင်း ထွေထွေ၊ လင်းလေလေ၊ ရောင်ချင်းစပ် ကြလေး။ ယဉ် မျိုး သာမျိုးစုံ၊ နတ်ဘုံ မထူးခြားပါလို့ သိကြားတဆူလို။   ။

ရွှေဘုန်း
(ရွှေဘုန်း ရွှေဘုန်းတော် လေတည့်မှ၊ လွန်ကဲ စည်ထွန်းပေါ်)၂။ (သက်တော် ရာကျော် လျှမ်းမျှမျှ၊ ရွှေနန်းမှာ စံကာ
သာ၊ ရှည်ပင်သာ ရှည်ကြောင်း ပပလေး)၂။ (တောင်ဇမ္ဗူ ကျွန်း ပတ်ကုံး၊ ထီးတရာ မင်းညွတ်ရုံး)၂။ (ကျုံးသစ္စာ ခံလေတည့်မှ၊ ကျိုးညွတ်ကာနွံ)၂။ နိုင်ငံကြေငြာ လင်းပွင့်ပွင့် သာယာစည်ပင် ပွားဆင့်ဆင့်၊ (သံသရာ ဝဲခနောင်း၊
နောင်မသွေဘဲ ကူးကြောင်း)၂။ (ရုံးပေါင်း ညွတ်ပျောင်း၊ ထပ်လောင်း ကျွန်တတွေ)၂။ ရှည်ရှည် တိုင်း၊ ကြာကြာ
တိုင်း၊ ငြိမ်းလေလေ၊ ချမ်းလေလေ၊ သွေမည်ဘဲမို့၊ နိဗ္ဗာန်ရွှေပြည်ပွဲကိုလှ၊ နွှဲစံပျော် လေလေတည့် နွှဲစံပျော်။  ။

Posted by Nyan U

သီချင်းကြီး- 012-013 ကိုးပါးပေါင်းစု + ရွှေဘုန်း _ စောင်းဦးမြင့်မောင်

Wednesday, November 12, 2014

မြို့နန်း

သာနိုးပျော်ဘွယ်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်  
 
http://www.youtube.com/watch?v=9xvChZ1V598
Published on Mar 26, 2014 
မြို့နန်း 
(မြို့နန်းငယ်လေ၊ သာယာမျိုးငယ်ကို၊ ဆိုသော်များ အံ့ဘွယ်၊ ဖက်ကျွန်းငယ်သာ၊ စံတိုင်းဆောင် ပြောင်ပြောင်ညီး
လို့လင်း)၂။ ဧရာကြီးထင်ပေါ်၊ သွယ်ဖြူးမြင့်လှလေ။ ဧရာကြီး ထင်ပေါ် နန်းဆောင်တော် သွယ်ဖြူးမြင့်လှလေး။ (စီခြယ်ကိုးမည်သာ၊ မျက်ရောင်ဖြာ၊ မှောင်ဝေး)၂။ အံ့ရေးထပ်ပြန်ကာ၊ ရှုတဲ့ သူငယ်မှာ၊ အံ့မူးငယ်သာ၊ တွေပင်
တွေကြလေ။ မြင်တဲ့ သူငယ်မှာ၊အံ့မူးငယ်သာ၊ ဝေပင် ဝေကြလေး။ ဆောင်တိုင်း ဘုံတိုင်းမှာ၊ အံ့ရာ အခြားခြား
ငယ်နှင့် သိကြားနတ်ဘုံလို။   ။

Posted by Nyan U

သီချင်းကြီး- 011 မြို့နန်း _ စောင်းဦးမြင့်မောင်

Tuesday, November 11, 2014

ရွှေပြည်ကြီး

သာနိုးပျော်ဘွယ်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင် 

http://www.youtube.com/watch?v=ddRgGQbYH2c   
Published on Mar 20, 2014
ရွှေပြည်ကြီး
ရွှေပြည်ကြီးဧရာ၊ တည်ထွန်း ကျောက်မြို့လေ။ ရွှေပြည်ကြီးဧရာ၊ တည်ထွန်း ကျောက်မြို့လေး။ (သီတာဝန်းရံကာ၊ များရေတာ၊ ပြင်ကျုံး)၂။ နက်လှ ပြောကျယ်စွာ၊ ကြောက်ဘွယ် ကြောက်ဘွယ်သာ။ ငါးပါးမျိုးကြာ၊ ငုံအာရေလုံးပြည့် မျှလေ။ ပြည်ကြီးငယ် နံပါး၊ တံခါးရှစ်ဆယ်၊ သွယ်သွယ်သာ လမ်းမနှင့် လေး။ ရံဝန်း ကာဆီးလုံ၊ ပြည့်စုံ လက်နက်

ပေါင်းငယ်နှင့် ကြောက်ညောင်း ရန်မပြူ ။   ။

Posted by Nyan U

သီချင်းကြီး- 010 ရွှေပြည်ကြီး _ စောင်းဦးမြင့်မောင်

Monday, November 10, 2014

စံရာတောင်ကျွန်း

သာနိုးပျော်ဘွယ်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=Xz-S1EXUhHM
Published on Mar 14, 2014
စံရာတောင်ကျွန်း
(စံရာတောင်ကျွန်း လုံးသူ့ ဥသျှောင် ကျင်ငယ်လေ၊ မင်းမျာ့းထိပ်ခေါင် တင်)၂။ (သောင်းမြေပြင်ငယ်လေ၊ ထီးဆူဆူကို လေ၊ စိုးလို့မိုးတော်မူ) ၂။ ဘုန်းပန်းငယ် ကြိုင်မွှေး၊ မြတ်လေးငယ် အတူ၊ ကြူ ပင် ကြူ ချည့် လေ။
လေးကျွန်းငယ် ယူသိမ်း၊ ချမ်းငြိမ်း စကြာ ပိုင်တော်မူချည့်၊ ဘုန်းတော်ရှိန်။  ။
 

Posted by Nyan U

သီချင်းကြီး- 009 စံရာတောင်ကျွန်း _ စောင်းဦးမြင့်မောင်

Sunday, November 9, 2014

စိမ်းလဲ့လဲ့

ဖောင်ဆိုက်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=_2yANNAZ7II
Published on Mar 8, 2014
စိမ်းလဲ့လဲ့
(စိမ်းလဲ့လဲ့ညိုပြာ၊ ဇေယျာအောင်ခန်း၊ ဖေါင်တော်ဆိုက်ကာ မြန်းပါလို့ ပြည်ပြည်သူ စုံပေါင်းရှိပန်း)၂။ နန်းနှင့် ယဉ်ဧရာ၊ ပြည့်မျှ ရံဗိုလ်ပါ၊ ကြွေးရင့် စည်သံဝါ၊ နှဲနှင့် ရွှေတံမြွာ။ (ဆေးလေး ဆေးလေးညီညာ၊ သင်္ခါလေ ငါးမည်၊ ငြင်းငြင်း တံရှည်ကျူး)၂။ (ဘယ်ရာဝင် ရှေးမှာမှ၊ တူဟန်လေ တင်ရေး ကြားဘူး)၂။ ထူးချွန်အောင်၊ ကဲလွန်အောင်၊ ဝေမှောင် ကင်းလို့လေ။ မှန်သိင်္ဂီ၊ ရံရွေညီ၊ ဒေဝီမင်းနှင့်လေး။ ထူးချွန်အောင်၊ ကဲလွန်အောင်၊ ဝေမှောင် ကင်းလို့လေ၊ မှန်သိင်္ဂီ၊ ရံရွေညီ၊ ဒေဝီမင်းနှင့်၊ ဆင်းသူဇာ လေလေတည့် ဆင်းသူဇာ။  ။ 


Posted by Nyan U

သီချင်းကြီး- 008 စိမ်းလဲ့လဲ့ _ စောင်းဦးမြင့်မောင်

Saturday, November 8, 2014

Dhamma Facts (27)


Noble Eightfold Path:
1. Samma-Ditthi = Right Understanding    |PANNA = Wisdom
2. Samma-Sankappa = Right Thought      |
3. Samma-Vaca = Right Speech                |SILA = Morality
4. Samma-Kammanta = Right Action       |
5. Samma-Ajiva = Right Livelihood          |
6. Samma-Vayama = Right Effort             |SAMADHI = Concentration
7. Samma-Sati = Right Mindfulness           |
8. Samma-Samadhi = Right Concentration | 


Posted by Nyan U

ဇေယျာ

ဖောင်ငင်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=5Pv3prCERd0
Published on Mar 3, 2014
ဇေယျာ
(ဇေယျာမြို့၊ ရွှေဒွါရွှေလှေ များလှသောင်းသောင်း)၂။ (နန်းချင်းနန်းချင်း၊ လှော်ချီလေ ပြိုင်ညီလေ၊ ရေးလှပြောင်း
ပြောင်း)၂။ (တီးရွမ်းခြိမ့်မောင်း၊ အေးပင်သာ အေးငြိမ့်ညောင်း)၂။ (ပျော်ကြောင်း စဉ်လာ၊ ယဉ်တည့် ယဉ်သီတာ)၂။ (မိုးမြေချာငယ်လေ၊ ပတ်ကုံး၊ ပတ်ကုံး၊ စိုးပင်သာ စိုးသိမ်းကျုံး)၂။ (ပေါင်းရုံး ဆယ်ဖြာ၊ ဦးတည့် ဦးတင်ကာ)၂။ ဖေါင်ငင်ရာ၊ ထုံဂန္ဓာ၊ မာလာသင်းပျံ့လေ။ ရွှေကေသီ၊ လေချီချီ ၊ ဒေဝီမင်းနှင့်လေး။ ဖေါင်ငင်ရာ၊
ထုံဂန္ဓာ၊ မာလာ သင်းပျံ့လေ။ ရွှေကေသီ၊ လေချီချီ ၊ ဒေဝီမင်းနှင့်၊ ဆင်းသူဇာလေလေတည့် ဆင်းသူဇာ။  ။

Posted by Nyan U

သီချင်းကြီး- 007 ဇေယျာ _ စောင်းဦးမြင့်မောင်

Friday, November 7, 2014

ဘုံဆောင်မြင့်

ဖောင်လားကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်  

http://www.youtube.com/watch?v=Z32YCnQ5MLQ 
Published on Feb 27, 2014
ဘုံဆောင်မြင့်
(ဘုံဆောင်မြင့်၊ စိန်ကြောင်ဖလ်ရှိန်၊ ညီးလို့လင်းလင်း)၂။ (ကြွားကြွား မိုးဖျား၊ သီခေါင်လေ၊ ရီမှောင်လေ၊ ဝေးရ ရှင်းရှင်း)၂။ (ကိုးမျက်မြွှာငယ်လေ၊ စိုးစကြာငယ်လေ၊ လောက လောင်းမင်း)၂။ (ဘုန်းတေဇာ ငယ်လေ၊ နှုန်းနေ

ဖြာတယ်လေ၊ ထွန်းပ ဝင်းဝင်း)၂။ (ရေနန်းဗိမာန် ငယ်လေ၊ ထူးလှကောင်းခြင်း)၂။ (ရွှန်းရွှန်းလန်းလို့၊ လျှပ်ပန်း လျှပ်ပန်း၊ ထွေးပင်သာ ထွေးကြသောင်းတွင်း)၂။ (သီတာ ရွှေဘွေခင်းမှာလှ၊ ရွေတည့်ရွေညီလာ)၂။ ယဉ်ဧရာ၊ ကြယ်ရံကာ၊ သော်တာ တွားလို့လေ။ ပြာခြေမှောင် ခွါသွေရှောင်၊ ရွှေဖေါင်လားကွန့်လေး။ ယဉ်ဧရာ၊ ကြယ်ရံကာ၊
သော်တာ တွားလို့လေး၊ ပြာခြေမှောင် ခွါသွေရှောင်၊ ရွှေဖေါင်လားကွန်၊ များလှေရံလေလေတည့် များလှေရံ။ ။

Posted by Nyan U

သီချင်းကြီး- 006 ဘုံဆောင်မြင့် _ စောင်းဦးမြင့်မောင်

Thursday, November 6, 2014

ထွေတလာ

ဗောဓိရွက်သံကြိုး
ရေး- နေမျိုးမဟာကျော်ထင် လက်ဝဲနော်ရထာ
ဆို၊ တီး- စောင်းဦးမြင့်မောင်

http://www.youtube.com/watch?v=Kz4TrhTcHJM
Published on Feb 24, 2014
ထွေတလာ
(ထွေတလာလာ၊ နေမသာသာ၊ ချမ်းပင် ချမ်းမျှအေး)၂။ [(မှိုင်းမှိုင်း ဝေဝေ)၂။ မိုးပင် မိုးကစွေ]၂။ မှိုင်းမှိုင်း ဝေဝေ၊ တောင်လေ သုတ်ဖြူး (ဆောင်ဦး ဆောင်းဦး ဟေမာ၊ ကိုယ်ထူးနေရာမှာ)၂။ (ရွာလာရွာလာ ရော့ရော့စေ၊ လွမ်းမပြေ ထွေထူး ထပ်ချည်ငဲ့လေ၊ သံသရာ ကံဟောင်း ကပ်ချည်ငဲ့လေး)၂။ (မိုးရော၊ လေရော၊ ချမ်းလို့ တုံအောင်နှော)၂။ (မိန်းမော မိန်းမော၊ စိတ်ကယ်တွင်၊ ကိုယ်ထီး နေမရွှင်)၂။ (ထိပ်တင်လေ လွန်ထွေပြား၊ ဟိုမှာ သည်မှာသား)၂။ (စံပျော် ပါးပါလို့)၂။ ထားထိပ်တင်လေ လေတည့် ထားထိပ်တင်။   ။
 

Posted by Nyan U

သီချင်းကြီး- 005 ထွေတလာ _ စောင်းဦးမြင့်မောင်

Wednesday, November 5, 2014

ဝေဘာ

ညွန်တက်သံသာဆင်မင်းကြိုး
ရေး- ဝန်ကြီးပဒေသရာဇာ
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=YscKTb6Ais8
Published on Feb 21, 2014
ဝေဘာ
(ဝေဘာဂီရိ တောင်ငယ်တွင်၊ သိကြား နတ်ယာဉ်ဆင်)၂။ (သည်ဆင်ကို တည့် ပေးအပ်နှင်း၊ သိကြား သိကြားမင်း)၂။ (လျှင်စေကာ၊ ထံတော်မှာ၊ ဆက်ရမည် မှန်သာ)၂။ (နီထွေးထွေး၊ ရောင်ဖွေးဖွေး၊ ဖက်မဲ့သာ ပြိုင်

နှိုင်း ဝေး)၂။ (ခြေသည်း လက်သည်း နီတျာ၊ နင်းတည့် နင်းခြေရာ)၂။ (မြင်ကာ မြင်ကာ မြင်ကာ ဆင်မျိုး၊ ကြောက်ရွံ့ရွံ့စိုး)၂။ (ဝေးဝေး ထွက်ပြေးသွား၊ ကျုံးကို မုန်းလို့လား)၂။ (ဆီးတား ဆီးတား)၂၊ ကာ။ ဆင်ဖြူ  လာ၊ ဆင်နီ လာ ဆို ဆို ဆိုကြလေး။ ဆင်တော်ပြောင်၊ ဆင်တော်ပြောင်၊ တောင်ပင်တောင်ရှိ၊ မျိုးဆဒ္ဒန် လေလေတည့် မျိုးဆဒ္ဒန်။  ။
 

Posted by Nyan U

သီချင်းကြီး- 004 ဝေဘာ _ စောင်းဦးမြင့်မောင်

Tuesday, November 4, 2014

သာယာ

ကလပ်ငယ်ကြိုး
ရေး- ဝန်ကြီးပဒေသရာဇာ
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=rbBN0vCh0xA
Published on Feb 18, 2014
သာယာ
(သာယာ သာယာ မြည်လာကြွေး၊ သာလိကာငယ်လေကျေး)၂။ (ချည်ခင်စွပ်ကယ်က၊ ကျူးတယ် ကျူးတယ်ကို၊ သင်တိုင်းဝတ်ကယ်က၊ မြူးတယ် မြူးတယ်ကို)၂။ (သံချိုတည့်အေးအေး၊ ပဲတည့်ပဲထွေးထွေး)၂။ (စာပေးခွံ့ကြ၊ ချစ်ရေးခင်ရေး မျှပါလို့လေး)၂။ (အတူစုံစွာ၊ စံတည့်စံပျော်ရာ)၂။ (ချစ်ခင်လေ ချစ်ခင်လေ၊ ချစ်ပါလှတယ်ရှင်)၂။ (ချစ်ခင်လေလွန်မြတ်နိုး၊ ဇီတည့်ဇီဝဇိုး)၂။ (ဥမျိုးတွန်သံ၊ သာပင်သာချည့်လေ၊ မကိုမကို ဖေါ်သွေး၊ ခေါ် ခေါ် ခေါ်

ကြလေး)၂။ (မဲညိုဖြူပြာ နီတည့်နီရွှေဝါ)၂။ (လိပ်ပြာလေ ပျံကာသွား၊ ပိတုန်း ပိတုန်းပျား)၂။ ရေပေါ်မှာလွှားပါလို့၊ ကြာဆံကိုစားပါလို့၊ ဝဲကာပျံလေလေတည့် ဝဲကာပျံ။ ။

Posted by Nyan U

သီချင်းကြီး- 003 သာယာ _ စောင်းဦးမြင့်မောင်

Monday, November 3, 2014

သီတာ

ကလပ်ကြီးကြိုး
ရေး- ဝန်ကြီးပဒေသရာဇာ
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=-JMvEE_4bYk
Published on Feb 15, 2014
သီတာ 

(သီတာသီတာ မြသား၊ ကြာကြာကြာ ငါးပါး)၂။ (ကမ်းနားကမ်းနား ဝန်းကျင်၊ ငွေသဲပြင် လေတည့်မှ၊ ပျော်တည့်
ပျော်ချင်ဘွယ်)၂။ (မြစ်တွေး မြစ်တွေး စင်ရော်၊ မြူးတည့် မြူးစံပျော်)၂။ (ငှက်တော်လေ ကြိုးကြာ၊ ကျူး ရင့်ရင့် သာ)၂။ (လိပ်ပြာလေ ပျံကာသွား၊ ဟိုမှာ သည်မှာ နား)၂။ ရေပေါ်မှာ လွှားပါလို့၊ ကြာဆံကို စားပါလို့၊ ဝဲကာပျံလေတည့်မှ ဝဲကာပျံ ။  ။

Posted by Nyan U

သီချင်းကြီး- 002 သီတာ _ စောင်းဦးမြင့်မောင်

Sunday, November 2, 2014

Theravada Audio Dhamma (38)


Janeiya, Bhaddanta (Myaseintaung Sayadaw). [Buddhism]. ဗုဒ္ဓဘာသာ တရားတော်။ Yangon, 1368 B.E. (18 May 2007.)
Include: three types of buddhists; different Buddha; the origin of Buddhism; why performing Dana and Sila; listening to discourse means; three Samma ditthi; mental action_the worst one. http://goo.gl/x2Umru
Jatila, U (Kyanikan Sayadaw). [A Real Beneficial Dana]. သားဟောင်းချီးမြှောက် နတ်ပြည်ရောက်။ Taungoo, 1338 B.E.
Explanation of beneficial Dana with reference to the story of Ashin Maha Kassapa and a poor lady Acama. http://goo.gl/2qKlex
Suriya, Ashin (Aung Cakka). သီလကထာ။ [Sila Katha]. Yangon, [no date]
Describing Sila which included: definition, benefits and type with various examples. http://goo.gl/2IhgwV
Posted by Nyan U & Aye Sat

ထံတျာ

ပုစဉ်းတောင်သံကြိုး
ရေး- ဝန်ကြီးပဒေသရာဇာ
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=rr3Uocz9p1M
Published on Feb 12, 2014
(ထံတျာတေရှင်၊ ထံတျာတေရှင်၊ ဒျန့်ဒျန့်၊ ထံတျာတေရှင်)၂။ [(ဒလုဒလု ထုံ ဒျန့်ဒျန့်)၂။ တောပင် တောလုံး နှံ့ပါလို့ 

လေး]၂။ (ထက်စငယ် ကောင်းကင်၊ မိုးတည့် မိုးတိမ်ပြင်)၂။ (စံရွှင်စံရွှင် ပျော်ပါး၊ ရွေဖေါ်တစု များငယ်နှင့်လေး)၂။ (သည်မိုးသည်မိုး ဒေဝါ၊ မိုးတည့် မိုးဒေဝါ)၂။ (အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေ တသဲသဲ)၂။ (ထံတျာတေရှင်၊ ထံတျာတေရှင်၊ ဒျန့်ဒျန့်၊ ထံတျာတေရှင်)၂။ (ဒလု ဒလု ထုံ ဒျန့်ဒျန့်)၂။ တျောတေထံတျာတေဒျန့်၊ တျောတေတျာ။ ။

Posted by Nyan U