Monday, November 3, 2014

သီတာ

ကလပ်ကြီးကြိုး
ရေး- ဝန်ကြီးပဒေသရာဇာ
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=-JMvEE_4bYk
Published on Feb 15, 2014
သီတာ 

(သီတာသီတာ မြသား၊ ကြာကြာကြာ ငါးပါး)၂။ (ကမ်းနားကမ်းနား ဝန်းကျင်၊ ငွေသဲပြင် လေတည့်မှ၊ ပျော်တည့်
ပျော်ချင်ဘွယ်)၂။ (မြစ်တွေး မြစ်တွေး စင်ရော်၊ မြူးတည့် မြူးစံပျော်)၂။ (ငှက်တော်လေ ကြိုးကြာ၊ ကျူး ရင့်ရင့် သာ)၂။ (လိပ်ပြာလေ ပျံကာသွား၊ ဟိုမှာ သည်မှာ နား)၂။ ရေပေါ်မှာ လွှားပါလို့၊ ကြာဆံကို စားပါလို့၊ ဝဲကာပျံလေတည့်မှ ဝဲကာပျံ ။  ။

Posted by Nyan U

No comments:

Post a Comment