Thursday, November 13, 2014

ကိုးပါးပေါင်းစု + ရွှေဘုန်း

သာနိုးပျော်ဘွယ်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်
Published on Apr 8, 2014
ကိုးပါးပေါင်းစု
(ကိုးပါး ပေါင်းစု၊ မျက်ရှင်မျက်ရှင်၊ ရောင်ခြည်လေ ရောင်ခြည်လေ၊ မီးရှူးထွန်းသို့၊ ပြောင်ပြောင် ပြောင်ပြောင် ပပဝင်း)၂။ နေရောင်လား ထင်ကာ၊ ဆိုမှား မိမိလေ။ နေရောင်လားထင်ကာ၊ လပင်သာ ဆိုမှား မိမိလေး။ ရှု ကြည့်တိုင်း ထွေထွေ၊ လင်းလေလေ၊ ရောင်ချင်းစပ် ကြလေ။ ရှု ကြည့်တိုင်း ထွေထွေ၊ လင်းလေလေ၊ ရောင်ချင်းစပ် ကြလေး။ ယဉ် မျိုး သာမျိုးစုံ၊ နတ်ဘုံ မထူးခြားပါလို့ သိကြားတဆူလို။   ။

ရွှေဘုန်း
(ရွှေဘုန်း ရွှေဘုန်းတော် လေတည့်မှ၊ လွန်ကဲ စည်ထွန်းပေါ်)၂။ (သက်တော် ရာကျော် လျှမ်းမျှမျှ၊ ရွှေနန်းမှာ စံကာ
သာ၊ ရှည်ပင်သာ ရှည်ကြောင်း ပပလေး)၂။ (တောင်ဇမ္ဗူ ကျွန်း ပတ်ကုံး၊ ထီးတရာ မင်းညွတ်ရုံး)၂။ (ကျုံးသစ္စာ ခံလေတည့်မှ၊ ကျိုးညွတ်ကာနွံ)၂။ နိုင်ငံကြေငြာ လင်းပွင့်ပွင့် သာယာစည်ပင် ပွားဆင့်ဆင့်၊ (သံသရာ ဝဲခနောင်း၊
နောင်မသွေဘဲ ကူးကြောင်း)၂။ (ရုံးပေါင်း ညွတ်ပျောင်း၊ ထပ်လောင်း ကျွန်တတွေ)၂။ ရှည်ရှည် တိုင်း၊ ကြာကြာ
တိုင်း၊ ငြိမ်းလေလေ၊ ချမ်းလေလေ၊ သွေမည်ဘဲမို့၊ နိဗ္ဗာန်ရွှေပြည်ပွဲကိုလှ၊ နွှဲစံပျော် လေလေတည့် နွှဲစံပျော်။  ။

Posted by Nyan U

No comments:

Post a Comment