Saturday, November 8, 2014

ဇေယျာ

ဖောင်ငင်ကြိုး
ရေး- မြဝတီဝန်ကြီး
ဆို၊ တီး- စောင်းဦးမြင့်မောင်
http://www.youtube.com/watch?v=5Pv3prCERd0
Published on Mar 3, 2014
ဇေယျာ
(ဇေယျာမြို့၊ ရွှေဒွါရွှေလှေ များလှသောင်းသောင်း)၂။ (နန်းချင်းနန်းချင်း၊ လှော်ချီလေ ပြိုင်ညီလေ၊ ရေးလှပြောင်း
ပြောင်း)၂။ (တီးရွမ်းခြိမ့်မောင်း၊ အေးပင်သာ အေးငြိမ့်ညောင်း)၂။ (ပျော်ကြောင်း စဉ်လာ၊ ယဉ်တည့် ယဉ်သီတာ)၂။ (မိုးမြေချာငယ်လေ၊ ပတ်ကုံး၊ ပတ်ကုံး၊ စိုးပင်သာ စိုးသိမ်းကျုံး)၂။ (ပေါင်းရုံး ဆယ်ဖြာ၊ ဦးတည့် ဦးတင်ကာ)၂။ ဖေါင်ငင်ရာ၊ ထုံဂန္ဓာ၊ မာလာသင်းပျံ့လေ။ ရွှေကေသီ၊ လေချီချီ ၊ ဒေဝီမင်းနှင့်လေး။ ဖေါင်ငင်ရာ၊
ထုံဂန္ဓာ၊ မာလာ သင်းပျံ့လေ။ ရွှေကေသီ၊ လေချီချီ ၊ ဒေဝီမင်းနှင့်၊ ဆင်းသူဇာလေလေတည့် ဆင်းသူဇာ။  ။

Posted by Nyan U

No comments:

Post a Comment