Thursday, September 5, 2013

ဓမ္မ တေး (၄)


ဒိဋ္ဌိအမှန် ရုပ်နှင့်နာမ်
ရေး -- မောင်မောင်လတ်
ဆို -- ကိုနီသစ်လွင်၊ စိမ်းလဲ့လဲ့
နားဆင် နှလုံးသွင်းရန်

မျက်စိ တံခါး ဖွင့်ထားခိုက်မှာ၊ အဆင်း ရုပ်မျိုး ဝင်တိုးတိုက်လာ၊
မြင်သိ စိတ်များ ဖြစ်ပွားပျက်ရာ၊ ငါမြင်စွဲယူလွဲ ဒိဋ္ဌိပါ။   


နားပေါက် တံခါး ဖွင့်ထားခိုက်မှာ၊ အသံ ရုပ်မျိုး ဝင်တိုးတိုက်လာ၊
ကြားသိ စိတ်များ ဖြစ်ပွားပျက်ရာ၊ ငါကြားစွဲယူလွဲ ဒိဋ္ဌိပါ။
 

နှာခေါင်း တံခါး ဖွင့်ထားခိုက်မှာ၊ အနံ့ ရုပ်မျိုး ဝင်တိုးတိုက်လာ၊
နံသိ စိတ်များ ဖြစ်ပွားပျက်ရာ၊ ငါနံစွဲယူလွဲ ဒိဋ္ဌိပါ။
 

လျှာပေါက် တံခါး ဖွင့်ထားခိုက်မှာ၊ ရသာ ရုပ်မျိုး ဝင်တိုးတိုက်လာ၊
စားသိ စိတ်များ ဖြစ်ပွားပျက်ရာ၊ ငါစားစွဲယူလွဲ ဒိဋ္ဌိပါ။
 

ကိုယ်ပေါက် တံခါး ဖွင့်ထားခိုက်မှာ၊ အတွေ့ ရုပ်မျိုး ဝင်တိုးတိုက်လာ၊
ထိသိ စိတ်များ ဖြစ်ပွားပျက်ရာ၊ ငါထိစွဲယူလွဲ ဒိဋ္ဌိပါ။
 

မနော တံခါး ဖွင့်ထားခိုက်မှာ၊ အကြံ ရုပ်မျိုး ဝင်တိုးတိုက်လာ၊
ကြံသိ စိတ်များ ဖြစ်ပွားပျက်ရာ၊ ငါကြံစွဲ ယူလွဲ ဒိဋ္ဌိပါ။
 

(ဖေါက်ပြန်ပြောင်းလဲတာက ရုပ်၊ ကြံသိညွှတ်တတ်တာက နာမ်
ရုပ်နာမ်သိဆဲ ငါမစွဲ၊ ကွာမြဲ ဒိဋ္ဌိမှန်)။၂
 

(မြင် တိုင်းမှာ သတိယှဉ်စမ်းပါ၊ မြင်မမြဲ သိဆဲဒိဋ္ဌိကွာ
ကြား တိုင်းမှာ သတိယှဉ်စမ်းပါ၊ ကြားမမြဲ သိဆဲဒိဋ္ဌိကွာ)။၂
နံ တိုင်းမှာ သတိယှဉ်စမ်းပါ၊ နံမမြဲ သိဆဲဒိဋ္ဌိကွာ
စား တိုင်းမှာ သတိယှဉ်စမ်းပါ၊ စားမမြဲ သိဆဲဒိဋ္ဌိကွာ
ထိ တိုင်းမှာ သတိယှဉ်စမ်းပါ၊ ထိမမြဲ သိဆဲဒိဋ္ဌိကွာ
ကြံ တိုင်းမှာ သတိယှဉ်စမ်းပါ၊ ကြံမမြဲ သိဆဲဒိဋ္ဌိကွာ
 

(ဖေါက်ပြန်ပြောင်းလဲတာက ရုပ်၊ ကြံသိညွှတ်တတ်တာက နာမ်
ရုပ်နာမ်သိဆဲ ငါမစွဲ၊ ကွာမြဲ ဒိဋ္ဌိမှန်)။၂
 

ကြံစည်စဉ်းစား အာရုံများ၊ လိုက်စား မပြုရာ၊
အာရုံလိုက်စား ဒုက္ခပွား၊ ရှည်လျား သံသရာ၊
အာရုံမလိုက် သတိစိုက်၊ ဉာဏ်၌ဆင်ခြင် နိဗ္ဗာန်ဝင်ရမှာ။   ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment