Friday, April 18, 2014

ဓမ္မ တေး (၁၃)


သံသရာခရီးသည်
တေးရေး - ဦးဘိုခင်
ဆို - မေလှမြိုင်
နားဆင် နှလုံးသွင်းရန်
 

(ကာမဘုံသား ဆုံလည်နွားသို့နှယ် အနမတဂ္ဂ ဘဝတွေမယ် ကြင်လည်ခဲ့ကြတာရယ် မဆုံးနိုင်ကြတယ်၊ တဝဲလည်လည် သမုဒယဆိုသော တဏှာရယ် ငြိလာတယ် သံယောဇဉ်ကတွယ်၊ သားရယ် သမီးရယ် ဇနီးသည် ခင်ပွန်းလင်သည် ဆွေရယ် မျိုးရယ် ချစ်ကြိုးအသွယ်သွယ် နှောင်ဖွဲ့ချည်တယ် မရုန်းနိုင် မထွက်နိုင် မြဲခိုင်လှတဲ့ သံသရာခရီးသည်)။ xxx
(လှမ်းကာတက်ကာ မြန်းကြတယ်၊ တောတောင်ရေလမ်း ပန်းလှဖွယ်၊ နိမ့်ကာ မြင့်ကာ သွားလို့ရယ်၊ သံသရာခရီးသည်) သံသရာခရီးသည်။ xxx
(ဖြစ်လွယ် ပျက်လွယ် သဘောရယ် လောကဝယ် ပြောလို့မဆုံးဖွယ်၊ သင်္ခါရ အတောမသတ်လို့ မတည်မြဲလေတယ်၊ ယသော အယသော လာဘော အလာဘော နိန္ဒာ ပသံသာ သုခံ ဒုက္ခံ လောကဓံ တရားမြတ်ရယ်)
xxx လောကီဘုံအလယ် ဆုံလာကြတဲ့ ပုထုဇဉ်လဲ မလွဲပါတယ်၊ သံသရာခရီးသည် သံသရာခရီးသည် သံသရာခရီးသည်။ ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment