Wednesday, July 16, 2014

ခေတ် တေး (၁)


လှမ်းလာခဲ့ပါ ပြည်မြန်မာ
ရေး- မင်းချစ်သူ၊ ဆို- ချောစုခင်၊

ဒီနေရာ ဒီဌာနေ သာယာလှပတဲ့ နိုင်ငံတစ်ခုပေ၊ နေရောင်ခြည်ဖြာ နွေးထွေးတဲ့ ရာသီနဲ့လေ၊ ရွှေရောင်နယ်မြေ
ဝင်းပတဲ့ ဒီမြင်ကွင်းတွေ၊ သယံဇာတများလည်း ပေါကြွယ်နေ။
x
ကမ္ဘာပေါ်မှာ မြန်မာဆိုတာ အစဉ်အလာကြီးမားဖူးတာ အထင်အရှားပေ၊ ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းရိုးရာ အမွေအနှစ်တွေ၊ ပြည်နယ်တွေနဲ့ သားချင်းများစွာ ဖွဲ့စည်းနေ၊ ဖေါ်ရွေပျူငှာ သဘောကောင်းကြတယ်လေ။
x (အရောက်သာ လှမ်းလာခဲ့ပါ ခရီးသွားစို့ တို့ရဲ့ မြန်မာပြည်၊ ကြိုဆိုပါတယ် ဧည့်ဝတ်လည်းကျေ၊ တို့သွေးချင်းတွေ၊)၂။
ဗဟုသုတ မှတ်သားစရာတွေ၊ ကြည့်ရှုမဝ အလှများစွာပေ၊ တစ်သက်မမေ့စရာ သင့်အတွက် အမှတ်ရမယ့် ခရီးလေ။ xx

Posted by ဉာဏ်ဦး

No comments:

Post a Comment