Tuesday, September 16, 2014

ဓမ္မ တေး (၁၇)


ဆုတောင်းပဏ္ဏာ
ရေး- ရွှေပြည်အေး၊
ဆို- ရန်အောင်၊
နားဆင် နှလုံးသွင်းရန်
[တစ်သောင်းဇမ္ဗူပေါ် တောင်းဆုခြွေကာရည်မျှော်၊ စည်းစိမ်ဥစ္စာများ ကြွယ်ဝတိုးတက်စေသား၊ များဝေနေ စပါးနဲ့ဆန်ရေအထွေထွေ၊ ကောင်းမှုကုသိုလ်များ ထပ်မနားပြုဖို့ငွေမရှား၊ စိန်ရွှေရတနာ နှိုင်းကြည့်လည်း လွှမ်းကာ၊ အချိန်ကုဋေကုဋာာ အတိုင်းမသိဘဲ ချမ်းသာ၊ စန်းပါလာဘ်ပါတက်ဆဲ ပုလဲမြဆပွား ကျောက် သံပတ္တမြား ဆင့်ဆင့်ထား၊ လိုတိုင်းတ၍ ရစေသား၊ ဝေနေယျာ ဆွေသဟာ ခပင်းမှာ ဘေးရန်ကင်းစင်ကွာ၊ ထိန်ဝေစွာ ဂေဟာအတွင်းမှာ၊ ကျက်သရေ လင်းစေမကြာ၊ လန်းကြပါစေ ပန်းတွေသဏ္ဌာန်ပမာ၊ ချမ်းမြကာလေ
စမ်းရေလျှံဖြာ၊ အေးအေးဆေးဆေး နတ်လူများ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်းဘဝင်ဝမ်း အစဉ်ချမ်းသာ၊ အို ဣစ္ဆာသယပြည့်ဝကြနိုင်စေဖို့ ဓိဋ္ဌာန်ပြီးမှ ဆုကြီးပန်ဆင်ကာ။xx (နောင်သံသရာ ရည်စိတ်ကြံ မှန်းဆလို့ ပြည်နိဗ္ဗာန်လမ်းဝသို့ လှမ်းကြွရောက်စေ့ငှာ)၂။x ဒီနေ့ဟိုနေ့တောင် မကြာ၊ ကြည်မွေ့လိုသရွေ့ဆောင်
ကာ၊ ကောင်ကင်ခရီး ပျံတက်ဖို့မငြီး မဂ္ဂင်ဖေါင်ကြီး စီးသွား စေတိုင်းတ၍ ရစေသား၊ ဝေနေယျာ ဆွေသဟာ ခပင်းမှာ... ... ...ဆုကြီးပန်ဆင်ကာ]၂။xx။
 

Posted by Nyan U

No comments:

Post a Comment