Friday, October 17, 2014

ဓမ္မ တေး (၁၈)


ဗုဒ္ဓနေ့
ရေးသူမသိ
ဆို- ဒေါ်ရီရီသန့်၊ ဒေါ်ဝင်းဝင်းအောင်
နားဆင် နှလုံးသွင်ရန်

ဖွားမြင်၊ ပွင့်၊ စံ၊ ဗျာဒိတ်မြတ်ကို ရရှိသော် ကြာတံဆိပ်ခတ်တဲ့ လပြည့်ကဆုန် အခါပြိဿနဲ့ ရာသီကြုံ ဝိသာခါနက္ခတ် ရက်မြတ်အခါတော်ကုန် စကားပန်းလေးသင်းပျံ့ထုံ၊ ဝတ်မှုံပုပ္ဖ ဗုဒ္ဓနေ့ လပြည့်ကဆုန်
။  

သာသနာဆီမီး ရမ္မာဝတီပြည်ကြီး ရွှန်းလဲ့ဖြာစုံ ထွန်းတဲ့အခါကြုံ  မြတ်ဘုရားဒီပင်္ကရာ ဒေသစာရီလှည့်နေပုံ စက်ခြေအစုံ ဗွက်ရည်ကို သက်လည်မည့်ပုံ လောင်းမြတ် ပါရမီဖြည့်ပုံ သုမေဓာရသေ့အခါကြုံ ဆုခြွေ ဗျာဒိတ် ကြာပဒုံ တစ်သောင်းသောစက္ကဝါ ဂယက်ဖြာလေပုံ ကောင်းသောပက္ခ ရက်မြတ်လပြည့်ကဆုန်။

ပစ္ဆိမဘဝ မဇ္ဈိမအရ လုမ္ဗနီအင်ကြင်းရဂုံ သိကြား ဗြဟ္မာငွေထီးလွှမ်းအခြုံ မာယာဒေဝီ မဟေသီမြတ်ရဲ့ သန္ဓေချီရတဲ့ ဝမ်းကြာရွှေငုံ လက္ခဏာကြီးငယ် အသွယ်သွယ်စုံ ရှုဖွယ်ယ်တင့်ဖွယ် သော်တာရုံ မဟာသက္ကရာဇ် ၆၈ ကြုံ၊ အခါနက္ခတ်ဝိသာခစုံ ဘဂဝါဇိန ဝိဇာတဂုဏ် ကောင်းသောပက္ခ ရက်မြတ် လပြည့်ကဆုန်။

(ဝဿဝတီ နတ်စစ်သည်အပေါင်း မတရားပလ္လင်လုလာကြပုံ ဘုရားစဉ်တုလာကြပုံ ပါရမီဆယ်ပါးရဲ့ စာဂအရှိန်အဟုန် မာရ်နတ်တွေအကုန် သဗ္ဗယသင့်ကြကုန်၊ အပ္ပရဇိတ ပလ္လင်မြတ်ရွှေဘုံ သဗ္ဗညုတ ဉာဏ်မရလေကုန်၊ ယခုပင်မထ စတုရင်္ဂဂုဏ်၊ ဝီရိယ သဒ္ဓါရုံ ပု ဒိ အာ ဂုဏ် ဉာဏ်တော်အဆင့်ဆင့်ကုန် အရဟံပွင့်တာ ရက်မြတ်လပြည့်ကဆုန်။)၂။

(ပန်းမဟာရနံ့သင်း မလ္လာမင်းတို့ အင်ကြင်းရဂုံ)၂။  နှုတ်ရွှေကြာငုံ မြတ်ဇိန တတွတ်တွတ်ခြွေခဲ့ပုံ ဒေသနာဂုဏ် "ဟန္ဒဒါနိဘိက္ခဝေ၊ အာမန္တရာမိဝေါ ဝယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ"

ဤသို့နောက်ဆုံးမိန့်ကာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပုံ ဟောဓမ္မ
သာအမတ ရွှေဘုံ စံဝင်ခဲ့တာကြုံ  ဇိနဥတ္တရ ဗုဒ္ဓလပြည့် ကဆုန်။

Posted by Nyan U

No comments:

Post a Comment