Monday, April 6, 2015

သိဂါင်္ရွှေရောင်


ပုဂံထိပ်ထားဘုန်းတော်ဘွဲ့ပတ်ပျိုးကလေး
ရေး- ပြင်စည်မင်းသား၊
ဆို- မစိမ်းစိမ်း၊
တီး- စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုလ်တင့်၊ 

https://www.youtube.com/watch?v=hV1Jt2g4SH8
Published on Jul 10, 2014

သိင်္ဂါရွှေရောင်
(သိင်္ဂါရွှေရောင်၊ ထိန်ဝါဝေပြောင်၊ နန်း ဆောင်ဆောင်ခန်း၊ မှန်ဘုံတွင်း၊ ဝင်းဝေလျှံ၊ စံတည်ခါပွဲမှာလ၊ သဲငွေပြန့်၊ သဲငွေပြန့်ဗိန်း)၂။ (စိမ်းရောင်စို၊ တောင်ညိုကမှိုင်း၊ သီတာခွေလို့၊ ရေပတ်လည်ဝိုင်း)၂။ (တိုင်းသာဘုံခန်း၊ ဆန်းထွေလာ၊ စိန်ကြောင်နီလာ ဖလ်ပြာခဲ၊ သန္တာဆွဲတဲ့ ပုလဲသွယ်၊ လနှယ်နေလို၊ ဝင်းလို့ဆန်း)၂။ [နတ်ကယ့်စံအိမ် တွေးဘွယ့်ချိန်၊ ဝတိံဘုံစံ၊ ဘုန်းရှင့်နန်း။ (သနားဘွယ်၊ ရွေလယ်သောင်း ရံ)၂။ သာလွန်ကျူးလို့ (ပျော်မြူးစံ)၂။]၂။ (ရွှေကံတိုးလို့၊ ဖြိုးဝေဝေ၊ သပြေကွန်ချာ၊ ဘုန်း မျာ့းမင်း)၂။ [(စုံလန်း ငုံမြန်း၊ ဒုမ္မာပန်း)၂။ ဘုံကြာခန်းက၊ နန်းကြော့သူ၊ ပြာဖြူ ဝါရွှေ၊ ဝင်း လို့ညီး]၂။ (ထီးကျွန်တော်ခံ၊ ရာစံရှင့်ဘုန်း၊ တိုင်းရွှေမြေသာလှ၊ ညာကမိုး)၂။ (ဒီပါသောင်းရံ၊ စံနန်းရိုး)၃။   ။

Posted by ဉာဏ်ဦး

No comments:

Post a Comment