Tuesday, June 30, 2015

အဖေခမျာ မသေချာ


အဖေနေ့ပြုသည့် ဇွန်လ ကုန်ပြီ။ အဖေနေ့ ကျင်းပကြသူ အဖေများ ရင်မောဖွယ်ကောင်းပုံကို သုံးသပ်ကြည့်ကြစို့။ အဖေစစ်ကြောင်း သေချာကြရဲ့လား။
ရွှေကျင်ဆရာတော်ကြီး (ရွှေကျင်ဂိုဏ်း စတင်တည်ထောာင်သူ၊ ရွှေဘိုမြို့နယ်၊ ရွှေကျင်ရ္ဂာဇာတိ) သည် ဝိနည်းသိက္ခာ သိမြင်မှုတွင် အလွန်ထက်မြက်စူးရှပါ၏။ စောင့်ရှောက်ထိန်းသိမ်းပုံမှာ ကြည်ညို ဖွယ်ရာ ဖြစ်ပါ၏။ ဤအဖြစ်က အဖေ
ပြဿ      နာကို ပြခဲ့ပါ၏။
"ရဟန်းတော်သည် မိဘဆွေမျိုးရင်းချာမဟုတ်ဘဲဖြစ်စေ၊ ဖိတ်မထားဘဲဖြစ်စေ ဒကာ ဒကာမတွေဆီမှာ အလှူခံခွင့်၊
တောင်းခံခွင့် မရှိပါဘူး။ အကယ်၍ တောင်းခံမည်ဆိုလျှင် အညတက ဝိညတ္တိသိက္ခာပုဒ်အရ နိဿ      ဂ္ဂိပါစိတ်အာပတ် သင့်ပါသည်။"
ထို့ကြောင့် ရွှေကျင်ဆရာတော်ဘုရား ငယ်စဉ်က ဤသိက္ခာပုဒ်ကို အာရုံပြုပြီး ပစ္စည်းလိုအပ်လျှင် အမေဆီကိုပဲ တောင်း ပါသည်။ အဖေဆီကို လုံးဝမတောင်းပါဘူး။ အဘယ်ကြောင့်ပါနည်း။
အဖေစစ်ဖို့က ကျိန်းမသေဘူး။ အမေလုပ်သူ လော်လည်ခဲ့သော် အဖေလုံးဝ မစစ်နိုင်တော့ပါဘူး။ အဖေမစစ်လျှင်
ဆွေမျိုးမတော်သဖြင့် မတောင်းခံကောင်းပါဘူး။ တောင်းလျှင် အာပတ်သင့်၏။ ထို့ကြောင့် ဆရာတော်ကြီးက
ဆွေမျိုးအစစ်အမှန်ဖြစ်သည့် အမေ့ဆီကိုပဲ တောင်းခံပါသည်။
အဖေများ အဖေဖြစ်ချင်ကြသေးလား။ အဖေ့ခမျာမသေချာ၍ သားရဟန်းတောင် အလှူမခံတော့တာကိုး။ ဆရာတော်
ကြီး၏ စံပြသာဓကကို သုံးသပ်ကြည့်လျှင် သူတော်ကောင်းများသည် မမြတ်သော အကျင့်၌ မွေ့လျော်ခြင်းကို
ရှောင်ကြဉ်ခဲ့ကြဟန်တူပါသည်။ သနားစရာ့ အဖေများ ဤလမ်းဖြောင့်ကို သတိထားဆင်ခြင်ဖို့ ကောင်းလေစွ။ ။

စာကိုးရာဇိန္ဒ၊ အရှင် (ရဝေနွယ် - အင်းမ)။ ရိက္ခာ နှင့် သိက္ခာ။

Posted by ဉာဏ်ဦး

No comments:

Post a Comment