Tuesday, October 8, 2013

ဆယ့်နှစ်ရာသီ (၇)


၁၃၇၅ ခု၊ သီတင်းကျွတ်လဆန်း ၁ ရက်

သီတင်းကျွတ်လဘွဲ့
ဆီမီးငယ်တဲ့ တထိန်ထိန်။
အိုင်မင်း ရေကြည်က၊
ကြာငါးမည် ငုံအာစွင့်တယ်၊
ဖူးပွင့်ခါချိန်။
အသဝနီယှဉ်ကာချဉ်းပါလို့၊
လင်းလာတဲ့ ငွေတာရိန်ငယ်၊
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သက္ကစ္စံ ပဏာမေဖြင့်၊
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ၊
မစဲပေါင်ကုသိုလ် နှိုးကြတယ်၊
မျိုးမြန်မာ့တိုင်း။
မဟာဂီတ ဦးပြုံးချို
Posted by Nyan U

No comments:

Post a Comment