Monday, October 14, 2013

ဓမ္မ တေး (၅)

မော်ပြန် ယိုးဒယားတီးကွက် ဓမ္မဂီတ ယိုးဒယားကြီး
တေဘုမ္မာ

ရေး_ ကျိုက်လတ် ဦးပြုံးချို
ဆို_ ရီရီသန့်
နားဆင် နှလုံးသွင်းရန်

တေဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့ များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ အဝိဇ္ဇောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ၊ ဒိဋ္ဌိဉာဏ် ဝင်စား ထင်မှား မြင်ငြားကြတာ၊ လူပဲ နတ်ပဲ မှတ်စွဲလို့သာ မှားချက်အလွန်နာ၊ ငါ့သား ငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ် ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ဝိပဿ       နာ ဝင်စား ထင်လျား မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရကမှန်စွာ၊ အနတ္တခန္ဓာ ဖြစ်ရင်း တည်ရင်း ပျက်ရင်းချုပ်ကာ၊ ရုပ္ပတိသညာ၊ ဖောက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရား နာမ်တရားနှစ်ဖြာ၊ အိုနာ သေမည် အတည်မကျပါ၊ သင်္ခါရဟာ ဘင်ကာလ မကြာ၊ ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ (အဝိဇ္ဇာ အကြောင်းကြောင့် သင်္ခါရာ ဝိဉာဏ်နာမ်တရား ရုပ်တရား နှစ်ဖြာ၊) ၂ ။ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ ပဋိစ္စသမုပ္ပာန် ရှုပ်ပြန် အတွင်းအပ တဏှာ။ x ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂါဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ။ x၂ ။
[တေဘုမ္မာ ပြန်ကောက်၍ (အတွင်းအပတဏှာ။) က နောက်ပိုဒ်သို့ ဆက်ဆို။]

(မြေ ရေ လေ မီး ဓါတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊) ၂။ (မုန်းဖွယ့် မလွတ်ပါ သုံးဆယ့်နှစ်ကောဋ္ဌာ၊) ၂ ။ (မိုက်မဲအဝိဇ္ဇာ၊ စိတ်တဏှာ အနိဋ္ဌာ ဣဋ္ဌာရုံထင်မိမှား၊ ကာယ အပုပ်ကောင် ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချုပ်နှောင်ကာ သူလှည့်စား၊) ၂ ။ (တရားကွာ မှားရှာ များသတ္တဝါ၊ ဘဝ အနေကာ ဖြစ်ပျက်သံသရာ၊) ၂ ။ မီးဆယ့်တစ် ငြိမ်းရာချုပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစား ရအောင်ရှာ၊ ဒိဋ္ဌိ နှင့် ဝိစိကိစ္ဆာ၊ သမုစ္ဆေပဟာန် ဧကန်ပယ်၍ခွာ၊ အထက်တန်း တက်လှမ်း မကြာ၊ ရုပ်နာမ် ခန္ဓာ နှစ်ဝလုံးဟာ အစတုံးကာ ဘဝဆုံး အမတာ၊ အဲ သို့မှသာ၊ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊ အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယ ကိလေ တိခြွေပယ်ဖို့ရာ အမှန်ဝါယမန် စိတ်သန်သမာဓိ ဝိပဿ       နာဉာဏ် ရင့်သန်စေဖို့ရာ။ x၂ ။ ။ [ကရောင်းသွားဆက်။]

ငါးဆူရှင် ပါရမီတော်ရင့်သည် ပွင့်တော်မူရာ ဘဒ္ဒဤကမာ၊္ဘ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျှင်မှန်စွာ ရှည်- လျား- သုညကမ္ဘာတွေမှာ ဓမ္မာသွေခွါ အပါယေမှာပျော်ဖို့၊ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲ တိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။ x ၂ ။

(မကောင်းမှု ဒုစရိုက်တွေကို နည်းအောင်ကျင့်ပါ၊) ၄ ။ (နှစ်လနေ့ရက်နာရီတွေဟာ အချိန် အလကား မကုန်စေရာ၊) ၂ ။ (ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘဝသံသရာ၊ ပညာပါရမီ ကြီးရင့် အောင်ဖို့ပါ၊) ၂ ။ အတီတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလဲ မိုက်ဆဲမှန်စွာ ရှေ့ကိုတိုးလို့ ထမ်းပိုးမိုက်ဦးမှာ၊ အဆုံးသတ်သင့်တာ။ x၂ ။

(ကိုယ့်ကိုယ်ကို သနားပါ များသတ္တဝါ၊) ၄ ။ (လောဘ ဒေါသ မောဟ လောင်မီး ကိလေသာ၊) ၂။ (တဟုန်းဟုန်း တောက်လို့သာ၊ တဖြုန်းဖြုန်း မောက်မိုစွာ၊) ၂။ (အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ် ဖြစ်လွယ် စိတ်အားထက်သန်စွာ၊) ၂။ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့အမှုဟာ ထဲစိတ်မပါ၊) ၂။ နေရာဟောင်းကို လွန်အောက်မေ့တာ၊ (လေးဘုံပါယ်ရွာ)၂။ ထဲမှာ နေမြဲသာ များသည် သတ္တဝါ။ x ၂ ။ ။

Posted by ဉာဏ်ဦး

No comments:

Post a Comment