Sunday, November 3, 2013

ဆယ့်နှစ်ရာသီ (၈)

၁၃၇၅ ခု၊ တန်ဆောင်မုန်းလဆန်း ၁ ရက်

 

တန်ဆောင်မုန်းလဘွဲ့

ငွေစန်းရယ်တဲ့ ပုဏ္ဏမီ။
ရွှေကျီးတာရာနှင့်၊
ကြတ္တိကာယှဉ်ပြိုင်လျှမ်းတယ်၊
ချမ်းစရာသီ။
လှူကထိန် ခါတော်ပွဲငယ်နှင့်၊
ခဝဲပွင့်ဝါစီစီ၊
သာကြည်လဲ့ မြူ  ရှင်း။
လတန်ဆောင်မှာ၊
ကြွပြောင်ပြောင် အသရေတင့်ပါဘိ၊
ရွှေမြင်းမိုရ် ဝါထိန်ထိန်နှင့်၊
ခါအချိန်မြောက်လေသွေးတယ၊်
အေးတဲ့ ငွေနှင်း။
မဟာဂီတ ဦးပြုံးချို 
Posted by Nyan U

No comments:

Post a Comment