Thursday, December 5, 2013

ဓမ္မ တေး (၇)


အောင်ခြင်းရှစ်ပါး
စာသား- ပထမကျော် လယ်တီကောဝိဒ
ရေး- သဟာယဆရာတင်၊  ဆို- မေရှင်
နားဆင် နှလုံးသွင်းရန်

အောင်ခြင်းရှစ်ပါး အသံကြားတဲ့ခါ စီးပွားဥစ္စာ အဟုတ်မကြာအောင်မှာ ကျန်းမာချမ်းသာပါလို့  ဘေးရန်မဝိုင်း
ကြံတိုင်းအောင်ဆောင်တိုင်းမြောက်မှာ ၇-ရက် သားသမီးများနဲ့ နတ်-လူ-ဗြဟ္မာ။
သက္ကရာဇ်ကောဇာ တရာ့သုံးခုမှာ လပြည့်နွေကဆုန် ရွှေဘုန်းတော်ခြောက်ဖြာတောက်ခါ မဟာဗောဓိ ညောင်ပင်
အောက်မှာ ဘုရားအဖြစ် တရားအစစ်နဲ့ ရွှေပလ္လင်ထက်မှာ စံပယ်ချိန်ခါ ပြောင်မာတင် မေခလာ ဆင်ရတနာစီးလို့ မာရ်နတ်မင်းရယ် အားမာန်တင်းကာ ဝသဝတီနတ်ပြည်ကလာ စစ်ချီကာ မာန်တွေမူလို့ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ၊ သည်းခံပါ၍ အမျက်မထား---ပါရမီဆယ်ပါးနဲ့---မာရ်နတ်ရန် နင်းနှိမ်ပေရှာ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်း ပထမပါ။
 

အာဠဝီပြည်အနီး ညောင်ပင်ကြီးမှာ တဦးတည်း ဘီလူးကြီး အာဠဝက စံရာ တနေ့သော် မြတ်စွာဘဂဝါ သူ့စံနန်း မြန်းတော်မူလာ၊ ဘီလူးကြီး အာဠာဝက ယမ်းပုံမီးကျ တားမရ ဆီးမနိုင် ဒေါသလှိုင်ကာ၊ ဘုရားကို ပြိုင်ဆိုင် မနိုင်ငြား မာန်စွယ်များလည်း ကျရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ် စွာ ဆောင်နှင်းခဲ့ အောင်ခြင်း ဒုတိယပါ။

အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်လမ်းမှာ ဆွမ်းခံကြွလာ ခိုက် သတ်လိုက်မယ်တဲ့ ဒေဝဒတ် မိုက်ဟာ  ကြံစည်ပြန်တာ၊ နာဠာဂီရိ အမည်ရှိတဲ့ဆင်ကို အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ၊ ဘုရားမြတ်စွာကိုပင် အနင်းခိုင်း လိုက်တာ၊ သို့ပါသော်လည်း ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့
အောင်ခြင်း တတိယပါ။

(ရှေးသရောအခါ သာဝတ္ထိပြည်ဌာနမှာ လူဆိုးဗိုလ် အင်္ဂုလိမာလဟာ သန်လျက်ဓားကို သူ့လက်ဖျားက မချပါ)x ၂၊
ဓားပြကြီးလုပ်၍ ဆိုးယုတ် ပုံမှာ လက်ညှိုးတွေ ခုတ်လို့သာ၊ ထိုအခါ ဘုရားကြွလို့ မမှားရဖို့ တရားပြတော်မူရှာ၊
မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်း စတုတ္ထပါ။

မြတ်တရားတော် မြွက်ရှာပါလို့ သိကြားဗြဟ္မာ အများသတ္တဝါဗိုလ်ပုံ ပရိသတ်စုံတဲ့ မင်္ဂလာပွဲမှာ စိဉ္စမာဏ မိန်းမယုတ်မာ သူ့ဗိုက်ကို ပျဉ်ချပ် ဖုံးကာ ဘုရားဂေါတမနဲ့ ကမ္မဋ္ဌာန်းဇောကျကာ ငိုကြွေး အရှက်မွန် ကိုယ်လေးလက်ဝန်ရှိတဲ့ ပုံဟန်ဆောင်လို့ သူစွပ်စွဲလာ၊ အပြစ်တော် မယူဘဲ လူပုံထဲမှာ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်း ပဉ္စမပါ။

သုံးလူ့ထွဋ်ထား မြတ်ဘုရားဒေသနာ မှတ်သားဖွယ် ဝေနေယျာ အနိစ္စ္စရယ် ဒုက္ခရယ် အနတ္တတရားကို မှားတယ်  ဆို၍ မကြည်ညို ပြန်တာ၊ အယူလွဲတဲ့ ငရဲမိစ္ဆာ သစ္စကပရိဗိုဇ် မလိမ္မာ၊ ဒေသနာတော် အနန္တကို မြတ်ဘုရားက
နောင်မမှားအောင် သစ္စကကို တရားပြရှာ၊ မေတ္တာဓာတ် နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်း ဆဋ္ဌမပါ။

ဇမ္ဗူကျွန်း မြင်းမိုရ်ရွှေတောင်ခါးပန်းမှာ ကြမ်းတမ်းတဲ့ နတ်နဂါးပါ မှတ်သားလောက်စရာ၊ နန္ဒောပနန္ဒ လျှပ်တပြက်
အသက်ရာကုဋေ ချွေခွင်း-မြွေမင်းရာဇာ မြတ်ဘုရားရဲ့သားတော် ရှင်မောဂ္ဂလာန်၊ နှိမ်နင်းဖို့ လွှတ်လို့သာ၊ စိတ်နှလုံး သိမ်မွေ့ကာ နဂါးကြီးခေါင်းငိုက် ဦးစိုက်ပါလို့ ခစားဖို့ရောက်လို့လာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်
နှင်းခဲ့ အောင်ခြင်း သတ္တမပါ။

ဗြဟ္မာ့ဘုံမှာ တန်ခိုးဂုဏ် မာန်သတင်း နေဆယ်စင်းသို့ ပုံပမာ၊ ဗကဗြဟ္မာ ကြီးဟာ အမှားကြီးမှားလို့ အယူသည်း
နေရှာ၊ ငါသာမြဲတယ် စိတ်မှာစွဲကာ ဘုရားကိုပင် ကန့်လန့်တိုက်၍ မိုက်နေပုံကို ဆိုးနေပုံကို ဘဂဝါဘုရားကသာ
ဒေသနာတရားပြကာ၊ အဲဒီတော့ ဗကဗြဟ္မာ မာန်စွယ်ကျလို့ ရှိခိုးရတာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်း ခဲ့အောင်ခြင်း အဋ္ဌမပါ။    ။

Posted by ဉာဏ်ဦး

No comments:

Post a Comment