Wednesday, February 5, 2014

ဓမ္မ တေး (၁ဝ)


မေတ္တာဂုဏ်
ရေး- အေဝမ်း ဆရာညှာ၊ ဆို- ရန်ပိုင်စိုး၊  

နားဆင် နှလုံးသွင်းရန်

(ရွှေမေတ္တာ ပို့ကြထာဝစဉ် အကျိုးကလျှင် ဆယ့်တစ်ပါး ပွားတာ မုချပါပဲထင်၊) ၂။ (အိပ်တဲ့အချိန်မှာပင် ဇိမ်ယူလို့ ချမ်းသာဖို့အစဉ် ) ၂။ (ညတိုင်းအကြိမ်ကြိမ်စက်တော့ ထက်မြက်ပါတဲ့ အိပ်မက်ကိုမြင်) ၂။ (နိုးကြားပါလို့ မနက်လင်းရင် အစဉ်သုခ ကိုယ်စိတ်နှစ်ပါးတွင်) ၂။
ဪ...သူငါဖြစ်အင် လူတကာချစ်ခင် နတ်တွေကတောင် စောင်မ ချင်။

(ကျား+မ) (မေတ္တာအကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင် ဗြဟ္မာ့ဘုံ လားရာ တရားပါပဲထင် မှတ်ပါစေကြောင်းပင်) ၂။ ကြည် ကြည် လင် လင် ရွှေမေတ္တာ စွဲကြကိုယ်မှာ အစဉ် ။xx

[(ငါးထွေသောရန်သူပင် ချစ်ပါစေလမ်းတွင် မေတ္တာရေဖျန်းရင် ဘေးရန်ရှင်း အမှန်ကင်းစင် သွားလာရာတိုင်းရွှင်
မျက်နှာပွင့်လန်းချင် မေတ္တာစောင်ခြုံရင် လုံတာပဲလို့ စွဲမြဲသူတိုင်းပင်။) ၂။

(အယူတော်တောင် နောင်စုတေ မလွဲပေ ပြည်ကောင်းကင် နတ်ဘုရင် ထင်ရှားအောင် မေတ္တာပွားကြအစဉ်၊) ၂။ တည်ကြည်သော စိတ်မှာ ဒိဋ္ဌ ပင် မေတ္တာတော် ထိုအကျိုးကို ယုံကြည်ပါလျှင် လိုရာပြည့်ဖို့မြင်။...]၂။ xx

(ကျား+မ) (မေတ္တာအကျိုးမှာ ဖွင့်ကာပြရင် တန်ခိုးအာနိသင် ဗြဟ္မာ့ဘုံ လားရာ တရားပါပဲထင် မှတ်ပါစေကြောင်းပင်) ၂။ ကြည် ကြည် လင် လင် ရွှေမေတ္တာ စွဲကြကိုယ်မှာ အစဉ် ။ xx ။

Posted by ဉာဏ်ဦး

No comments:

Post a Comment