Saturday, March 1, 2014

ဆယ့်နှစ်ရာသီ (၁၂)

၁၃၇၅ ခု၊ တပေါင်းလဆန်း ၁ ရက်

တပေါင်းလဘွဲ့

တပေါင်းရယ်တဲ့ မိန်ရာသီ။
ရွက်ဟောင်းကို လေနှင်လို့၊
ပန်တော်ဝင် ရွှေအင်ကြင်းငယ်၊
သင်းပျံ့ခဲ့ပြီ။
နီတျာ သန္တာနှစ်လိုပ၊
စီအမြွာ ညှာသရစ်ကယ်တို့၊
ဝနာသစ်ပြောင်းကာချီ၊
ဆောင်းရာသီရယ်တဲ့ ကုန်ကျွမ်း။
ဘရဏီမှာ၊
တူတညီ သော်တာပြည့်ပါလို့၊
မျှော်ကြည့်သူ ကြည်ကြည်သာ၍၊
သည်အခါ ငွေသောင်ဦးမှာလ၊
သဲစေတီ သဘင်ထူးကို၊
မြူးလို့ပျော်ခန်း။
မဟာဂီတ ဦးပြုံးချို 
Posted by ဉာဏ်ဦး

No comments:

Post a Comment