Tuesday, March 18, 2014

ဓမ္မ တေး (၁၂)


နှလုံးသားကို အလှဆင်မယ်
ရေး- မသိ
ဆို- ကိုကျော်ညွန့် (မိုးအဖွဲ့)
နားဆင် နှလုံးသွင်းရန်

Xxx (ကျား) _ [(လူတို့နှလုံးသား အမုန်းမပွားကြဖွယ်၊ မေတ္တာဆွတ်ဖျန်း ချစ်ပန်းလှိုင်ကြွယ်၊ အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ်၊ အမြဲသာတွေး တွေးဆဖွယ်၊ အသည်းမှာအေး အေးမြမယ်၊
(ကျား+မ) _ စေတနာတွေ မိုးစွေရွာ ဖြိုးဝေပါကွယ်၊ နှလုံးသားဝယ်၊ အမုန်းတရားဖယ်၊ အပြုံးများကြွယ်ကြစေကွယ်)
၂။ xxx
(မ) _ စိန်ရွှေရတနာ နီလာပုလဲ စီကာဆွဲမှ လှမယ်မထင်ဖွယ်၊ အလှ ဆိုတာ အစဉ်မမြဲ သင်္ခါရပဲကွယ်၊ 
(ကျား+မ) _ ရိုးသားသိမ်မွေ့ သဘောကဖြူ စင် လောကကို အလှဆင်နိုင် လိမ့်မယ်၊ အစဉ်အမြဲဘဝ လှပရေးဝယ်၊ ရင်ထဲက လှတာတွေးကွယ်၊ အပြုံးမြမြ နှလုံးလှပါစေကွယ်၊ အမုန်းစကားမဆိုကြ အစဉ်သာတကယ်၊ နှလုံးသားကို အလှဆင်ပါကွယ်]
၂။ xxx
 

Posted by ဉာဏ်ဦး

No comments:

Post a Comment