Sunday, March 22, 2015

သာရကာကျေးငယ်တို့


ပတ်ပျိုးကလေး
ရေး- မြဝတီမင်းကြီး
ဆို- မစိမ်းစိမ်း၊
တီး- စောင်းဦးဘသန်း၊ ဆိုင်းစိန်ဗိုလ်တင့်
https://www.youtube.com/watch?v=zWTLq9h_0BE
Published on Jul 7, 2014

သာရကာကျေးငယ်တို့
သာရကာကျေးငယ်တို့။ ခွံနွေးရာသိုက်မှီ၊ ရဝိန်ဘုံခန်း၊ လယ်လမ်းကွန့် ဒေသစာရီ။ ပတ်သန်းငယ်တည့် စီအရီ၊ ဇော်ဂီ ကွက်ဆင်၊ သက်တင် ချိပ်ပန်း၊ တိမ်မိလ္လာ စူကာ ဆင်ဇော်ရမ်းနှင့်လေ။ ဆေးပန်းချီ ၊ စုံစီခြယ်လှယ်

သန်းလို့လေ။ ရှစ်ခန်းတခွင်၊ ခြယ်မင်လှိုင်းပါလို့၊ အိုဆင်သင်တိုင်းငယ်နှင့်၊ ဝိုင်းခါသာအုံ၊ ညွတ်ခွေယိုင် အို ဖြေနိုင်ပဲ ငယ်လေး၊ ဘွင်သဲကြွေလု ဆွေးစေကြုံ။ အို မိုးငယ် ရွှေအမ္ဗုန်က၊ စည်သံစုံဆော် လာချဲ့ ပါလို့၊ ဖေါ်ကွာမယ့် ဆွေးစေဖန်၊ ရွာပုံဟန်နှင့်သာ၊ မာန်ငြိုးပြင်း၊ အသူရာတို့ ဗျူဟာကျင်း၊ စစ်ခင်းမာန်ဘွဲ့၊ မိုးလေတိမ်ဆီ လှမ်းဘယ်မမှီ။ ရာသီနန်း၊ ဘုံခန်းခါပြုနှင့်၊ ညီအောင်တဲ့ ရီမှောင်။  ။
[သဖြန်] ရစ်သိုင်းငယ်မှောင်၊ မကာရ်းစူကာနှောင်သို့၊ ရွာယောင် မာန်ပျိုး။ ကြွေးရင့်ငှက်သံ၊ နွေရက်ကယ် မိန်အကျန်မို့၊ ချိန်မတန် ရွာစွေဖွဲတယ်၊ တင့်ရဲတဲ့မိုး။  ။

Posted by ဉာဏ်ဦး

No comments:

Post a Comment