Monday, March 16, 2015

ညဥ့်သုံးယံခါ


မျှော်တော်ယောင်ပတ်ပျိုး
ရေး- လှိုင်ထိပ်ခေါင်တင်၊
တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊ 

https://www.youtube.com/watch?v=iGs12tK7iS4
Published on Jun 28, 2014
ညဥ့်သုံးယံခါ
ညဉ့်သုံးယံခါ၊ လေပြေလာ၊ အေးရွှေရင်မှာ၂။ လာနိုးမျှော်မိ၊ ဖြေမပျော်နိုင်ဘူး၊ ဘုန်းမယ့်ကိုယ်ထူး၂။ မဖူးသာ၊ လွမ်းတာကပွား၊ ရှင်နတ်များ၊ အိုမဘဲကို၂။ ဆိုငိုမှိုင်လျက်ကယ်ငေး။ သေလုပါပြီ၊ ကြွေလုပါပြီ၊ အိုဘာပြုမလာသေး၊ ဘုန်းသူနှင့်ဝေး၂။ (လေးမယ့်ကံ)၂ ရေးမဟန်သလေး၂။ အိုကြံကာပန်းပါဘိ၊ လမ်းဘယ်မမြင်၊ ရွှေပင်လယ်ဆီး
သည်သို့၊ နီးမယ်မထင်၂။ (သုံးရွေကြော့ရှင်)၂ ဘုန်းလာမမြင်သလေး၂။
[သဖြန်] နှမလေး မယ့်သခင်၊ တင်ရန်ကများ။ လှိုင်းကြီးတဲ့ရေ၊ မြကြော အဏ္ဏဝေသို့၊ မစုံရွှေ၊ စကြာကွန့်တယ်၊ နန်းနေညွန့်ဖွား xx၂။ ။

Posted by ဉာဏ်ဦး

No comments:

Post a Comment