Wednesday, January 1, 2014

ဆယ့်နှစ်ရာသီ (၁ဝ)

၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊

ပြာသိုလဘွဲ့
အာဒိစ္စရယ်တဲ့ ဖန်သူရိန်။
ပြင်လမ်းသူခွာလို့၊
ဒက္ခိဏာ ယာဉ်အစွန်းမှာ၊
ထွန်းတဲ့ ခါချိန်။
ပြာသိုမှာ ဖြာစိုနှင်းရယ်နှင့်၊
ခါအလို ခွာညိုသင်းပါဘိ၊
မြင်းခင်းမြတ် တော်သဘင်မှာ၊
ပျော်ရွှင်ကြ ပြည်လုံး။
ပုဏ္ဏမာ၊
ဖုသျှယုန်စန္ဒာနှင့်၊
မှုန်ပြာပြာ ဝဠာတွင်းမှာလ၊
ငွေပုစွန်တာရာ လင်းတယ်၊
နှင်းမြူ  ပိတ်ဖုံး။
မဟာဂီတ ဦးပြုံးချို
Posted by ဉာဏ်ဦး

No comments:

Post a Comment