Friday, January 31, 2014

ဆယ့်နှစ်ရာသီ (၁၁)

၁၃၇၅ ခု၊ တပို့တွဲလဆန်း ၁ ရက်

တပို့တွဲလဘွဲ့
ပေါက်လဲရယ်တဲ့ ပွင့်စီစီ။
ဝတ်ပန်းသူရာရေကြောင့်၊
ဆက်ရက်တွေ သံစုံကျူးတယ်၊
မြူ  သည့်ရာသီ။
ငွေသော်တာ ကြယ်မာဃငယ်နှင့်၊
ထွန်းလျှံပ ပြည့်ကာညီ၊
ပြာရီလဲ့ မြူ ခိုး။
ယာဂုပွဲကိုတဲ့၊
လှူမြဲအလွန်ရွှင်လို့၊
ခုနစ်စင် တာရာလျှမ်းသည်နှင့်၊
ဆူးပန်းတွေ ဝေဝေပွင့်ကြတယ်၊
ထူးတင့်မညှိုး။
မဟာဂီတ ဦးပြုံးချို
Posted by ဉာဏ်ဦး

No comments:

Post a Comment