Saturday, January 17, 2015

ဓမ္မ တေး (၂၁)


အနန္တငါးဖြာ
ရေး- အေဝမ်း ဆရာညှာ၊
ဆို- စိုးစန္ဒာထွန်း၊
နားဆင် နှလုံးသွင်းရန်
 

(တို့မြန်မာ အနန္တောအနန္တငါးပါးကို ကိုယ်ရေတင် ရိုသေလျှင် ဆင်းရဲခြင်းဝေးကွာ)၂။ (ဘုရားနဲ့ တရားတော် ရဟန်းသံဃာ မိဘနှစ်ပါးနဲ့ သင်ကြားတဲ့ဆရာ)၂။ (ယုံကြည်စွာ ပြုစုကြပါ ပုပုရွရွ သတိပေးတဲ့ စာ၊)၂။ (နေ့တိုင်းမှာ ညတိုင်းမှာ လက်ဆယ်ဖြာဦးထိပ် တင်မိုးကာ)၂။ ရှိခိုးလို့ ဝန္ဒနာ ပူဇော်ကန်တော့ပါ အမျိုး သားရွှေမြန်မာ။ (ဂါရဝတရား ထာဝရထား မမှားဖို့ရာ စွဲမြဲကြ မလွဲအောင်သာ မျိုးရိုးဇာတိ ပါ)၂။ မသွေတမ်း မှတ်သား စရာ ရွှေကျမ်းမြတ်ဘုရားအမှာ မှန်ပေတာ အနန္တငါးဖြာမှာ လင်းထင်စွာ ရှင်ရင်း ဒေသနာ။ xx (ရဟန်းတော်တွေ့ရင် ဝတ်ချကာ ဖိနပ်ကိုချွတ်ပါ လူရှေ့မှာ စိတ်မကြွားစေ အရိပ်များလေ ခြေနင်းမိရှောင် ကွင်းပါ)၂။ (ကိုယ်ကျင့်တရားဖြင့် လူတိုင်းရှိတာအမှန်ပါ၊ ဘိုစိတ်ပေါက်ကာ နဂိုစိတ်ပျောက်တာ စဉ်းစားကြဖို့ အမျိုးသားတကာ)၂။ (အဖေအမေနှစ်ဖြာ ဆုံးမရင် ပယ်တာ တို့ရောသူသူငါငါ မှားယွင်းချက်တွေ ပြင်ကြစေရာ)၂။
 စေတနာထားတဲ့ တင်လွှာ သတိရဖို့ မျိုးနွယ်စစ်တွေပါ။ (ဂါရဝတရား ...)၂။ ...ရှင်ရင်း ဒေသနာ။xx
https://www.youtube.com/watch?v=_MeIIyLnqP4
Published on Jan 6, 2015

Posted by ဉာဏ်ဦး

No comments:

Post a Comment