Sunday, January 25, 2015

ဂန္ဓမာတောင်

မဉ္ဇူသကနတ်ပန်းဘွဲ့
ရေး- မြဝတီဝန်ကြီး၊
တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊
https://www.youtube.com/watch?v=Ze0_aZNG8Lo
Published on May 12, 2014
ဂန္ဓမာတောင်
ဂန္ဓမာတောင်၊ လိုဏ်ချောင်မုတ်နန်း ဂူငယ်တွင်၊ မွှေးတကြူ ကြူ မဉ္ဇူ တည့်နတ်ပန်းပင်။ ဆွတ်ချူ ယူငင်၊ ပန်ဆင်လေ ပန်ဆင်လေ ပန်ဆင်လေရည်စူး၊ မြင်ရုံသာ စိတ်ကယ်က ကူးသည်နှင့်လေး။ ယက္ခငယ် နတ်မှူး ဘီလူးငယ်ဂု မ္ဘာန်၊ 

ချူ သာနိုင်ဘဲ၊ နေမြဲတည့် စောင့်ကာရံ။ မချူ သာပြန်၊ ယူရန်ကြံရေး ခက်လှ လေ၊ တမျှော်မျှော်၊ ညှိုးလျော်ခွေပျောင်း
ညွတ်မျှလေး။ ဝေလူလျှံလန်း၊ ရွှေဂူဖလ်နန်း ပေါ်ငယ်မှာ၊ ပန်ဆင်ရာ၊ ရွှေကေသာ မြန်းပါလို့၊ သည်ပန်းမှ နတ်ပန်း
တော်။ ။ 

Posted by ဉာဏ်ဦး

No comments:

Post a Comment