Monday, January 26, 2015

အတိုင်းမသိ


မင်္ဂလာဩဘာဘွဲ့
ရေးသူမသိ၊
တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊
https://www.youtube.com/watch?v=8qavmJsa91w
Published on May 14, 2014
အတိုင်းမသိ
အတိုင်းမသိ၊ မင်္ဂလာ ကျက်သရေရှိပါဘိတယ်ကို၊ တောကြီးငယ်ယင်ရာ၊ ဇမ္ဗူ ဒီ တောင်ကျွန်း တင့်ရွှန်းတည့် ကျက်သရေဖြာ။ ရှစ်ဗြဟ္မာ၊ လက်ျာသံချီးကြွေး။ အောင်ဇေယျတု၊ ငွေခရုသင်္ခါ၊ သွန်းဘိသိက်ငြာ၊ ပုဏ္ဏာဝန်းပြည့်၊ ထွန်းသစ်ရာဝယ်၊ တိမ်စင်သာသည့် စန္ဒာမင်းလို၊ ရှင်းမြူ ပဝေး။ အခါတော်ပေးတာက၊ နတ်ရေးငယ်ရွှေစာ၊ သာသနာ ရောင်လင်း၊ ကောင်းခြင်းခု၊ သည်ချိန်ခါ။ ထက်ဗြဟ္မာလက်ျာ ခရုသင်းငယ်နှင့်လေ၊ ရေသွန်းဖြာကျွန်းမှာ ဇမ္ဗူ တွင်းပေမို့လေး။ ကြည်လင်တယ် သန့်ရှင်း၊ ရည်ရွှင်ဘွယ် ပျံ့သင်း၊ တော်မင်္ဂလာ၊ မြတ်စေတနာ၊ နတ်ဒေဝါ

ပေါင်း ရယ်တို့၊ ဆုတောင်းကြ၊ သည်ချိန်ခါ။ ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment