Thursday, February 26, 2015

ထူးမခြားနား


ဘုရားရောင်ခြည်တော်ဘွဲ့ပတ်သီချင်းခံ
ရေး- မြဝတီဝန်ကြီး၊
တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊
https://www.youtube.com/watch?v=xd3Eddg8MwA
Published on Jun 22, 2014

ထူးမခြားနား
ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးထွေတည့် အံ့ရာသား။ ရွှန်းရရွန်း လင်း၊ စိမ်းပြာဖြူဝင်း၊ နေရောင်ခြည် လင်း၊ ထွန်းလို့လို့ရွှန်းဝေ၊ မှိုင်းဝေတည့် ပွင့်လှိုင်ကြူ ။ ဘုန်းတန်ခိုးလဲ၊ နှိုင်းဆို
ရာဘဲ၊ တူမည်မှာလဲ၊ ရဲရဲဝင်းပြောင်၊ နေမင်းနေမင်း၊ သိန်းရာထောင်၊ ယှဉ်ဆောင်ပြိုင်ခိုင်း၊ နှိုင်းရာတူ ဘဲကို။ ဖြူ နီ
ညိုပြာ၊ ထွေလာ တည့် ထူးထူးဆန်း၊ ထူးထူးဆန်း၊ တေဇာရောင်ထွန်း၊ ရွှန်းရရွန်းလှိုင်၊ ဖြာဖြာဝေမြိုင်။ စိုးပိုင်၊ မပြိုင်ယှဉ်ဝေး၊ နှိုင်းဆိုရာသေး၊ နေမတူရေး၊ ဘုန်းမွှေး ဝင်းပြောင်၊ မြူမှောင်တည့် ပယ်ခွါ၊ ကြေညာလင်းပွင့်၊ ထွန်ဝင်း ထွန်ဝင်း၊ လျှံပေါ် လျှံပေါ်၊ စွယ်တော် စွယ်တော်စွယ်တော် ချောင်းက၊ ခြောက်ဖြာရောင်ခြည် လွှတ်သည်နှင့် သာ။ သုံးပါးလောက၊ ငြိမ်းအေး ငြိမ်းအေး၊ ကယ်ယူ ကယ်ယူ၊ ဉာဏ်ပန်း ဉာဏ်ပန်း၊ မွှေးလှိုင်ကြူ၊ မဉ္ဇူမှန်ကင်း၊ ထွန်းရောင်ဝါ လင်းရှင်။ တေဇာရွှင်ရွှင်၊ ပေါ်ထင်တည့် လျှမ်းလျှမ်းဖြိုး၊ လျှမ်းလျှမ်းဖြိုး၊ အာဏာကျော်
ဟိုး၊ ဘုန်းတန်ခိုးရောင်၊ ဝေဝေ ရွှန်းပြောင်၊ သိန်းထောင်၊ အခေါင်ဉာဏ်ပန်း၊ ထွန်းရောင်ဝါလန်း၊ ဇေတဝန်နန်း၊
ခြားသန်းလေသာ၊ စံဆောင်တည့် လယ်ချာ၊ ဘုံသာနန်းက၊ ထွန်ဝင်း ထွန်ဝင်း၊ လျှံပေါ်လျှံပေါ်၊ ရောင်တော် ရောင်
တော် ရောင်တော် ဖြိုးမြင့်၊ အံ့ဘွယ်သာလေ၊ ဆင့်ကာ ရင့်ကာပင်။ ရှင်ရင်းမြတ် စကြာစုံငယ်ကိုလေး၊ တင်ထိပ်ဦး၊ စုံပူးတည့်ရှိကြာမုံ။  ။
 

Posted by ဉာဏ်ဦး၊

No comments:

Post a Comment