Thursday, February 26, 2015

မှိုင်းမှိုင်းမြ


ရာသီဘွဲ့သီချင်းခံ
ရှင်ဝရ၊
တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊
https://www.youtube.com/watch?v=5_YqVua8Gyw
Published on Jun 24, 2014

မှိုင်းမှိုင်းမြ
မှိုင်းမှိုင်းမြ၊ ဆိုင်းဆိုင်းညိုစင်၊ မိုးလုံးပလွှမ်းအုံ့ကာဆင်၊ မင်းလွင်ရံဝန်း၊ ထွေလာထူးထူးဆန်းလို့လို့၊ တောင်လေသာ မှာလဲ၊ မြူးကာသာ၊ နေမသာရေး၊ ပွားဆင့်ဆင့်၊ လွမ်းရာထွေပြားပင်။x ဟေဝန်ခွင်ကသာ၊ တောင်ပင်တည့်
တောင်တောလုံး၊ ထွေပေါင်းရုံး၊ ကြေညာလှိုင်ပျံ့၊ မွှေးပေါင်းသင်းထုံ၊ စုံစွာစီစဉ်၊ စည်ပင်လန်းလို့၊ ရွက်ရှင်ရွက်ရှင်၊
ညွန့်ဖြာ ညွန့်ဖြာ၊ သာသာရွှန်းမြေ့၊ ပန်းမျိုးစုံစွာ၊ ဖူးညွန့်ငုံအာ၊ ထွေလာထွေထူးဆန်း၊ ရာသီခါမှီ စုံစီတည့် ဝင်းဝင်း
ရွှန်း၊ ဂိမာန်နွေစွန်း၊ သန်ယွန်းချိန်ခါ၊ တိုင်တိုင်ခွေယိမ်းပျောင်း၊ ပူဆွေးကြောင်း၊ ထွေထွေဆော်လှုံ့၊ ရုံးပေါင်းများစွာ၊
တိမ်နီ တိမ်ဝါ၊ တိမ်ပြာမှိုင်း လို့၊ မြလိုလဲ့ညို၊ လွမ်းပိုဖွဲ့စေပင်။x ပတ်ရုံးဝန်းကာ၊ ဆင်လာထွေထူး၊ နေမပျော်ဘူး၊ ကိုယ်ထူးကျွန်မမှာ။  ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment