Sunday, June 9, 2013

ဆယ့်နှစ်ရာသီ (၃)

၁၃၇၅ ခု၊ နယုန်လဆန်း ၁ ရက်
 

နယုန်လဘွဲ့
 

ရိုက်ချုန်းရယ်တဲ့ စည်ပုစွန်။
ငွေဝန်း စန္ဒာနှင့်၊
ကြယ်ဇေဋ္ဌာ ယှဉ်ကာပြည့်တယ်၊
ထွန်းသည့်ရောင်ဝှန်။
နွေနယုန် မေထုန်ရက်မှာလ၊
နဘေဘုံ ရေမှုန်တက်ပါလို့၊
လေဟုန်စက် ထိန့်ထိန့်လွန်၊
ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။
ခါပျော်ရန်၊
စာတော်ပြန် သဘင်ခန်းမှာဖြင့်၊
ဆင်မြန်းရန် ရဝေမယ်တို့၊
ငွေစံပယ် ငုံမြတ်လေးကိုတဲ့၊
ထုံးမင်မှာ ကုံးဆင်ဖို့ ရွေးလိမ့်မယ်၊
မွှေးတဲ့လပဲ။
[မဟာဂီတ ဦးပြုံးချို]
 

Posted by ဉာဏ်ဦး

No comments:

Post a Comment