Friday, December 19, 2014

ဓမ္မ တေး (၂ဝ)


ဓမ္မစကြာအခါတော်နေ့
ရေးသူမသိ
ဆို- ရီရီသန့်၊ ဝင်းဝင်းအောင်၊
နားဆင် နှလုံးသွင်းရန်

မြတ်ဝေလာ အခါကောင်းကို နတ်ဒေဝါ ဗြဟ္မာအပေါင်းတို့ တောင်းပန်ကြ အထိုထို၊ အလောင်းတော်မြတ်ကို။
အာယုပရိစ္ဆေဒ သင့်လေကြောင်းကို မဟာမုနိန္ဒ ခွင့်အချိန်ကောင်းကို နတ်ပြည်မှထို ကပ္ပိလရွှေဗဟို မဇ္ဈိမဝယ ကိုယ့်အထက်ကအရွယ်ကို ရောက်တော်မူခဲ့တဲ့ မာယာနန်းမကိုဋ်ပျို  ဝမ်းတိုက်ကြာညို သန္ဓေယူတာ ဒီဝါဆို မဟာသက္ကရာဇ် ၆၇ ကို။ ပုန်းညက်ပန်း ဝင်းဝင်းစို ပျံ့သင်းချို ပျံ့သင်းချို ကရကဋ်ဆို ဖုဿနက္ခတ်နဲ့ယှဉ်သကို ပုဏ္ဏမီတိတိရွှန်းလဲ့ သန္ဓေ ဓမ္မစက် တောထွက် ပြာဋိဆို စာရှိပါသကို မှတ်သိကြသည့် လပြည့်နေ့ ဝါဆို။ xx
သူအို သူနာ သူသေ ရဟန်းတို့ မြင်စမ်းပြန်တော့ပေသကို။ တောထွက်ရန်အကြောင်းနိမိတ်ပြ လောင်းဟိတ်က နိက္ခမဝါဆို။ မာန်ဟူသမျှကို ဉာဏ်အတူမှပျို။ သယမ္ဘူ မြတ်ထို ရတော်မူပြီး ဣသိပတန မဂဒါဝုန်ကို၊ ပဉ္စဝဂ္ဂီငါးဦးတို့ကို တရားဦးဓမ္မစက်ဟောမြွက် လဝါဆို။ xx
ဇေတဝန် တရားမြရိပ်ညို၊ ဘုရားက သာဝကတွေကို မမှားရအောင် ဓမ္မာမြတ်ရေချို တိုက်ကျွေး အေးလှသကို၊ ရာဇဂြိုဟ်တိတ္ထိမျိုးက ဣဒ္ဓိတန်ခိုးမှ ရမယ်ဆို၊ သည်အကြောင်းအရာကို ပမာအဓိက ဘဝါဇိန ပြာဋိဟာပြသကို၊ ပုန်းညက်ပန်း ဝင်းဝင်းစို ပျံ့သင်းချို ပျံ့သင်းချို ကရကဋ်ဆို ဖုဿနက္ခတ်နဲ့ယှဉ်သကို ပုဏ္ဏမီတိတိရွှန်းလဲ့ သန္ဓေ ဓမ္မစက် တောထွက် ပြာဋိဆို စာရှိပါသကို မှတ်သိကြသည့် လပြည့်နေ့ဝါဆို။  ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment