Thursday, December 4, 2014

ရွှေပင်ရွှေဘုန်း

သိကြားခလုတ်ကြိုး
ရေး- ဝန်ကြီးပဒေသရာဇာ
ဆို၊ တီး- စောင်းဦးမြင့်မောင်
Published on Apr 20, 2014
https://www.youtube.com/watch?v=CO9-jfW4O2I

ရွှေပင်ရွှေဘုန်း
(ရွှေပင်ရွှေဘုန်း ပပဝင်း၊ မွှေးပင်မွှေးနံ့သင်း)။ [(ညှင်းညှင်း) သာယာ၊ လေတည့် လေပြေလာ]။ (ရှုကာ တည့် စိမ်းလန်း၊ ညိုတည့် စိမ်းစိမ်း လန်း)။ (ထူးဆန်း ထူးဆန်း) ထွေ။ (ပန်းမြစေသာ၊ ပုံပင်ပုံချည့် လေ။ ပန်းမြစေသာ၊ ပုံပင်ပုံချည့်လေး)။ (ဝန်းကျင်ပတ်ကုံး၊ ကန်ကန်အားလုံး)။ [ကုံးလို့ထူးခြား၊ (ချယား)၃ ကံ့ဂေါ်၊ စွယ်တော်တည့်လောင်းပန်း၊ ခေါင်တည့် ခေါင်ရန်းပန်း]။ (မောက်မို အင်ကြင်း၊ နီဝင်းဇော်တ၊ သော်ကလေ။ မဟာလှေကား၊ ဆတ်သွားလှိုင်ပျံ့၊ ကြိုင်နံ့မွှေး)။ နှင်းနှင့် သစ္စာ၊ နော်ဇာတည့် ရိုးရိုးရဲ၊ ထွေတည့် ထွေထူးကဲ။ စံပယ်စံဖီ၊ သရဖီတည့်မွှေးမျိုးဆန်း၊ ထွေတည့် ထွေထူးဆန်း။ (ထူးဆန်း ပန်းအိ လက်တံရှည်ငယ်၊ ကြက်ရုံးမွှေးလှ မဉ္ဇူပျံ့ရှား၊ သာထွန်းဖြူစွာ ပွင့်အာငုံသေး၊ ပန်းပင် ပန်းမြတ်လေး)။ (ရေမှာလေ၊ ပစ်ထားလေ၊ ဆတ်သွားလေ၊ ဒန်းများလေ)။ ချယားချယား ယင်းမာ၊ ဇီတည့် ဇီဇဝါ၊ ချယား ငယ် ယင်းမာ၊ ဇီတည့် ဇီဇဝါ။ (ခတ္တာ ခတ္တာ ခတ္တာ ပုန်းညက်၊ ဒန့်ပင် ဒန့်ဒလက် ကယ်နှင့်လေး)။ (ရွှေလက်ကယ် လှဟန် ဆန်းလှလေး၊ နွယ်ပန်းငယ် ခွါညို လန်းစလေး)။ (ပွင့်စပန်းက လန်းကားကား၊ အခြားခြား၊ ဖြူတည့် ဖြူထွားထွား)။ ရေခမိုးနှင့် လက်တံရှည်၊ လှိုင်ညီ ဖြိုးမျှလေ။ ရေခမိုးနှင့် လက်တံရှည်၊ လှိုင်ညီ ဖြိုးမျှလေး။ ရေခမိုးနှင့် လက်တံရှည်၊ လှိုင်ညီ ဖြိုးမျှလေ။ ရေခမိုးနှင့် လက်တံရှည်၊ လှိုင်ညီ ဖြိုးမျှ၊ ပိတောက်ပန်း၊ ပိတောက်ပန်း၊ ထူးထွေလာ၊ ထူးထွေလာ။ နော်ဇာသဇင်ပန်း ငယ်နှင့်၊
လောင်းပန်းလက်တံရှည် လေလေတည့်၊ လောင်းပန်း လက်တံရှည်။  ။
 

Posted by Nyan U

No comments:

Post a Comment