Sunday, December 7, 2014

ဝေယန်လိုပင်

အပြင်တီးဖြေကြိုး 
ရေးသူမသိ
ဆို၊ တီး- စောင်းဦးမြင့်မောင်
Published on Apr 26, 2014
https://www.youtube.com/watch?v=UxcZospOhUM

ဝေယန်လိုပင်
(ဝေယန်လိုပင်၊ ရောင်ရွှင် လင်းလင်း ညီး၊ သီးသီးခြား၊ များကွန့်မြူး၊ ထူးရုံးပေါင်း၊ သောင်းလုံးခြား)။ (စိန်ကြောင်
လေ ပတ္တမြား၊ ကိုးမျက် ပွင့်သား)။ (နှုန်းရှား၊ ဖက်ပြိုင်ကာ၊ ရွှေနန်း ဘုံဆောင်မှာ)။ (မိုးဣန္ဒာ၊ နတ်ဗြဟ္မာ၊ တွေးကြ
မှတ်ထင်ကာ)။ (နှစ်ပါးပျော်စံရာ)။ (ထီးဆောင်း၊ မင်းပေါင်း)။ စကြာလေရွှေဖွား၊ ညွတ်တွားရွက်ဆင်ကာ တည့်လေ။ ဆဒ္ဒန်လေငွေသား အများဆက်ကညာလေတည့် ဆက်ကညာ၊ ဘယ်ရာဝင်မှသာ၊ ကြားဘူးနိုင်အောင် 

သာ။ သီဟာဘွေမြင့်မှာ၊ ရှိကြာရွက်ကာစက်ဦး။ ခြူးညောင်ဆောင်မြင့်မှာ၊ ရွေသန်းညာ၊ စံပျော်ကာ။ ရှေ့ပြု ဗ္ဗာက 
သာ၊ စကြာ ရောက်လှာသီးသီး။ (ပြီးစီး မြောက်စေလျှင်၊ ချီးအံ့ကုန်နိုင်ပင်)။ (နှုန်းအင်ဘက်ကင်း)။ (ထိန်ဝင်းမြေ
ပါ်၊ ရွှေတေဇော်လျှံကဲ၊ ထွန်းပလို့ရဲ)။ (ကျော်သဲ ကျော်သဲ ခြိမ့်အောင်၊ ကြူးတည့်ကြူးလွန်ဆောင်)။ (မင်းဝံတောင်
ငယ်လေ၊ သာကြငှန်း၊ ခက်ဖြာစိမ်းလဲ့လန်း)။ (ဇေယျာ မြေမြင့် ညာနန်းဘောင်၊ ဧရာခွေလှည့် ယှက်သန်း၊ မင်းဝံ တောင်ညွန့်ခန်း)။ (နန်းရွှေဝ ဘုံငယ်မှာ၊ နှိုင်းရဝတိန်သာ)။ (သာယာသာယာ ရင့်ကျူး၊ နုပျိုဆန်းလို့ ထူး)။
(စံပျော်မြူးပါလို့)။ ကြူးအောင်ပင် လေလေတည့် ကြူးအောင်ပင်။ ။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment